မိုးမခ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၅ ၂၀၂၅ ခုနှစ်မှာ ကြုံတွေ့လာနိုင်တဲ့ ကျယ်ပြန့်လာမယ့် စစ်ပွဲတွေ နဲ့ စစ်ဘေးရှောင် ပြည်သူတွေ လိုအပ်မယ့် အကူအညီ စစ်အာဏာသိမ်းခါစ ကာလတုန်းက ကေအန်ယူဗဟိုကော်မတီဝင် ပဒိုစောသမိန်ထောကို သတင်းမီဒီယာတခုက မေးမြန်းခန်းတခုမှာ ပဒိုစောသမိန်ထောက ပြောဆိုရာမှာ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ထိုးစစ်ဆင်တာ၊ စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်ရာမှာ စစ်ရေးကိစ္စတခုထည်း ထည့်သွင်းစဥ်းစားပြီး လုပ်ဆောင်လို့မရကြောင်း တိုက်ပွဲဖြစ်ပွားလာမယ့် ဒေသမှာ နေထိုင်နေကြတဲ့ လူထုတွေ အနေနဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ကြရမယ့် အခြေအနေ၊ စစ်ဘေးတိမ်းရှောင်ကြတဲ့အခါ လိုအပ်တဲ့ လုံခြုံရေး၊ ရိက္ခာ အရေးပေါ် အကူအညီ စတဲ့ ကိစ္စရပ်တွေကိုပါ အားလုံးထည့်သွင်း စဥ်းစားပြီး ဖော်ဆောင်ကြရတာလို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ်အနှစ် ၇၀ ကျော်ကာလအတွင်း […]
မိုးမခ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၄ စစ်ဘေးစစ်ဒဏ်နဲ့ ဒုက္ခရောက်တဲ့ ပြည်သူတွေ ဒုက္ခခံရကျိုးနပ်စေဖို့ နေ့စဥ် သတင်းတွေထဲမှာ တွေ့နေ၊ ကြားနေ၊ ဖတ်ရှုနေရတဲ့ အဖြစ်အပျက်တွေအများစုက တိုက်ပွဲတွေ၊ မြို့သိမ်း နယ်သိမ်းစစ်ဆင်ရေးတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ မိမိတို့နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ သတင်း၊ စစ်ဘေးရှောင်စခန်းတွေ၊ နေအိမ်တွေ မီးလောင်ဆုံးရှုံးရတာတွေ နဲ့ လူ့အသက်တွေ ထိခိုက်သေဆုံးမှု၊ စားနပ်ရိက္ခာ မလုံလောက်တဲ့ အခက်အခဲတွေ က အခက်အခဲ ဒုက္ခအမျိုးပေါင်းများစွာတွေအကြောင်း သတင်းတွေ ဖြစ်ပါတယ်။ နိုင်ငံပြင်ပမှာ နေထိုင်နေကြသူတွေမဆိုထားနဲ့ နိုင်ငံတွင်းမှာ နေထိုင်သူတွေသည်ပင်လျင် ကိုယ်တိုင်ကြုံတွေ့ကြရသူတွေလောက် ဒုက္ခတွေရဲ့ အငွေ့အသက်၊ ဆိုးရွားမှု၊ ရက်စက်မှု၊ ခါးသည်းမှုတွေကို ကိုယ်တွေ့ မသိ၊ မခံစားဖူးဘူးလို့ ဆိုရမှာပါ။ နိုင်ငံပြင်ပမှာ နေထိုင်သူတွေ အနေနဲ့တော့ သတင်းတွေမှာ မြင်တွေ့ ကြားသိရတာ […]