ylliX - Online Advertising Network

ပြင်ဦးလွင်နှင့် အုတ်ဖိုတွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ်များကို ပေါ်တာဆွဲ ဆက်တိုက်ဖမ်းဆီးနေ၊ လှည်းကူးတွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ တောင်းခံ – Khit Thit Media

ရန်ကုန်၊ ဇန်နဝါရီ ၉ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရပ်ကွက် အတွင်းမှ လူငယ် အားလုံး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလမှ စတင်ပြီး ပြင်ဦးလွင်မြို့တွင် အကြမ်းဖက် စစ်တပ်ခန့် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်အေးနှင့် သားဖြစ်သူ ပျူစောထီး ဇော်လတ်က ဦးဆောင်ပြီး ရပ်ကွက်အတွင်းမှ လူငယ်များ စစ်မှုထမ်း ကင်းလွတ်ရန် ငွေပေး၍ မရတော့ကြောင်း ပြောဆိုပြီး လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးလာ၍ ရပ်ကွက်အတွင်းမှ လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူး မောင်အေးနှင့် သားဖြစ်သူ […]

တောင်ကြီးတွင် စစ်ကောင်စီက ညစဉ်ဆက်ရက် ပေါ်တာဆွဲ၊ အမျိုးသမီး ၁ ဦးဖမ်းဆီးခံရ

သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီက လူငယ်တွေကို ညစဉ်ဆက်ရက် ပေါ်တာလိုက်ဆွဲနေပြီးယခုသီတင်းပတ်အတွင်း အမျိုးသမီး ၁ ဦး ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က တောင်ကြီးမြို့မှ ရွှေညောင်မြို့သို့ အလည်သွားသော အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရွှေညောင်ကိုသွားရင်း လမ်းမှာဖမ်းခံရတာ။ အဲ့မှာဖုန်းစစ်တော့ ငွေလှူထားတာတွေ့တယ် ပြောတယ်။ စစဖမ်းမိတုန်းကတော့ အိမ်နဲ့ ဖုန်းခဏပေးပြောတယ်။ ဖမ်းမိပြီး ဘာညာပေါ့။ မကြာဘူး ဖုန်းသိမ်းသွားပြီး၊ အဆက်အသွယ်မရတော့တာ” ဟု ၎င်းကပြောသည်။ ထိုအမျိုးသမီးတစ်ဦးကို လက်ရှိတွင် ရွှေညောင်ရဲစခန်း၌ ဖမ်းဆီးထားပြီး ပြန်လည် လွှတ်ပေးလာခြင်း မရှိသေးကြောင်း သိရသည်။ အလားတူ ၂၀၂၄ ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီက လူငယ်များကို ပေါ်တာလိုက်ဆွဲရာ ကျောင်းကြီးစုရပ်ကွက်မှ […]

သထုံတွင် စစ်ကောင်စီက ဖျော်ဖြေပွဲနှင့်လောင်းကစားဝိုင်းများ လုပ်ခွင့်ပေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်း ဆီးနေသဖြင့် ပွဲစီစဉ်သူနှင့် ပါဝင်သူ အနုပညာရှင်များကို အရေးယူသွားမည်ဟု တော်လှန်ရေးတပ်က သတိပေး – Khit Thit Media

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီက ဖျော်ဖြေပွဲနှင့်လောင်းကစားဝိုင်းများ ပြုလုပ်ကာ ပေါ်တာဆွဲ ဖမ်း ဆီးနေသဖြင့် ပြည်သူများ သွားရောက်ခြင်းမပြုကြရန်နှင့် ပွဲစီစဉ်သူနှင့် ဖျော်ဖြေ သူအနုပညာရှင်များပါ အရေးယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ်အခြေစိုက် တော်လှန်ရေး အင် အားစုများမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ သထုံမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ – စရဖနှင့် အထွေ ထွေအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး အာဝါဒေးလောင်းကစားဝိုင်းများကို နေပြည်တော်စစ်ရုံးချုပ်၏ လျှိုဝှက်ညွှန်ကြားချက်ဖြင့် ခွင့်ပြုပေးနေကြောင်း၊ ယင်းလောင်းကစားဝိုင်းများမှ ရရှိ သော ငွေကြေးများကို ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့ဝင်များအတွက် လစာနှင့် အသုံးစရိတ် အဖြစ် သုံးစွဲနေကြောင်း သိရှိရသည်။ ထို့အပြင် လိုအပ်လျက်ရှိသော စစ်သားအရေအတွက်ရရှိရန် လောင်းကစားဝိုင်းသို့ လာရောက်သူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေကြောင်း၊ ဥပမာအားဖြင့်-သထုံမြို့နယ် ၊ […]

စစ်မှုမထမ်းရရေး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံတွင် စစ်တပ်က စောင့်ဖမ်း၊ ဘားအံမှ လူငယ် ၁၀၀ ဝန်းကျင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်း အပို့ခံရ – Khit Thit Media

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ထိုင်းနိုင်ငံသို့ အောက်လမ်းမှတစ်ဆင့် သွားရောက်ပြီး စစ်မှုမထမ်းရရေး တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံမြို့နယ်အတွင်းတွင် စစ်တပ်က စောင့်ဆိုင်း ဖမ်းဆီးမှုများရှိနေကြောင်း ဒေသသတင်းရင်းမြစ် Hpa-an Newsက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဒီဇင်ဘာလအတွင်း စစ်တပ်က ဘားအံမြို့နယ်၊ သံလွင်တံတားတွင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူငယ်များကို အထူးတင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ ဘားအံ-လှိုင်းဘွဲ့လမ်း၊ ထီလုံဒေသတွင်လည်း စစ်တပ်က ဂိတ်ချ၍ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူငယ်များကို ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်မှုများရှိနေကြာင်း သိရှိရသည်။ “ထိုင်းနဲ့ နယ်စပ်ဖက်သွားမယ့် သူတွေကို ပိတ်ဖမ်းပြီး သင်တန်းပို့လိုက်တာမျိုး စစ်တပ်က လုပ်နေတယ်။ အဓိက သူတို့ ပိတ်ဖမ်းတာကလေ သံလွင်တံတားနဲ့ […]

NUG တောင်ပိုင်းတိုင်းစစ်ဒေသမှာ တပတ်အတွင်း စစ်သား ၅၂ဦးသေဆုံးခဲ့၊ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နေတယ်လို့ ဆို

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တပတ်အတွင်း ‌စစ်ကောင်စီတပ်သား ၅၂ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၂၃ မှ နိုဝင်ဘာ ၂၉ ရက်နေ့ထိ တပတ်အတွင်း စစ်ကောင်စီတပ်စွဲထားရာနေရာများနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့မှု ၂၇ ကြိမ်ရှိခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားပြီး ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို နည်းမျိုးစုံဖြင့် ဖိအားပေးတိုက်ခိုက်လျက်ရှိပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ တပ်ကူလမ်းကြောင်းများကို လိုက်လံပိတ်ဆို့ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ […]

ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး – Khit Thit Media

ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၂၄ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါင်းလူးရွာအနီးတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး […]