ylliX - Online Advertising Network

မြန်မာနယ်စပ်တွေ တရုတ်က ပိတ်လိုက်တဲ့အပေါ် သုံးသပ်သူတွေအမြင်

မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက မကြာသေးခင်ကပဲ ပိတ်လိုက်တာဟာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။ နယ်စပ်ဂိတ်တွေ ပိတ်တဲ့အကြောင်းရင်းကို တရုတ်နိုင်ငံက တရားဝင် ပြောဆိုတာ မတွေ့ရပေမဲ့ တရုတ်နိုင်ငံက သတင်းစာတချို့နဲ့ လူမှုကွန်ရက်တွေမှာတော့ တရုတ်-မြန်မာ ရေနံပိုက်လိုင်းလုံခြုံရေးနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် လုံခြုံရေး ထိခိုက်မှာ စိုးရိမ်ကြောင်း သုံးသပ်၊ ရေးသားနေကြတာပါ။ ဒီရက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဒေသ လှုပ်လှုပ်ခတ်ခတ် အခြေအနေတချို့နဲ့ ပတ်သက်ပြီး သုံးသပ်ချက်အမြင်တွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ တရုတ်က မြန်မာနဲ့ဆက်သွယ်ထားတဲ့ နယ်စပ်တံခါးတွေကို ပိတ်ပြီး ကုန်စည်စီးဆင်းမှုကို ရပ်တန့်လိုက်တာဟာ ကချင်နဲ့ ရှမ်းမြောက်မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေကို ချိနဲ့အောင်လုပ်လိုတဲ့ တရုတ်ရဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ […]