Pan American လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီနောက် ပြန်ပေါ် လာခဲ့တယ်ဆိုပြီး ဖြန့်ချိနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၇၀၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။ “နှစ်ပေါင်း(၃၇)နှစ်ကြာမှ ပြန်လည် ဆင်းသက်လာခဲ့တဲ့ အမေရိကန်လေယာဉ်” မူရင်းလင်ခ့် – Facebook link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် ပုံနှိပ်အခြေစိုက် အဝါရောင်သတင်းစာ ဖြစ်တဲ့ Weekly World News […]