ylliX - Online Advertising Network

မံစီမြို့ KIA ပူးပေါင်းတပ် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်

ကချင်ပြည်၊ မံစီမြို့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယနေ့ (ဇန်နီဝါရီလ ၈ ရက်) နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မံစီမြို့နယ်ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ -၃၁၉) ၊ ခြေမြန်တပ်ရင်း (ခမရ ၆၀၁) နှင့် အမှတ် (၃၅၂) အမြောက်တပ်ရင်း တို့ကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့နယ် တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ၎င်းကဆိုသည်။ “အားလုံးရပြီ။ ခုလိုက်ရှင်းနေတုန်းပဲ။ မနက်ဖြန် ကချင်ပြည်နယ်နေ့ ဆိုတော့ သက်ဆိုင်ရာ (KIA) က ထုတ်ပြန်မယ် ထင်တယ်” ဟု ၎င်းက ရှင်းပြသည်။ မံစီမြို့ KIA ပူးပေါင်းတပ် အပြီးသတ် […]

ဗန်းမော်မြို့ KAI ပူးပေါင်းတပ် ထိန်းချုပ်၊ စစ်ကောင်စီ စကခ (၂၁) စုပြုံခုခံနေ

ကချင်ပြည် ဗန်းမော်မြို့ ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီတပ်က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ) တပ်တွင်းမှ စုပြုံ ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီလ ၇ ရက်) တွင် ပြောသည်။ ယမန်နေ့ (ဇန်နဝါရီ ၆)ရက်တွင် ဗန်းမော်မြို့တွင်းနှင့် စစ်ကောင်စီတပ်များ အနီး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့်ကြားမှ မြို့ကို ထိန်းချုပ်နိုင်ခဲ့ရာ ယနေ့ (ဇန်နဝါရီ ၇)ရက် နံနက်ပိုင်းတွင် မြို့ပေါ် တိုက်ပွဲ နည်းပါးသည်ဟု ၎င်းကဆိုသည်။ “သူတို့ (စစ်ကောင်စီတပ်) ခလရ (၄၇) တပ်ကနေပြီး စကခ (၂၁) ဘက် သွားပေါင်းတယ်။ […]

အင်းတော်မြို့ က ဂျပန်လှိုဏ်ဂူကုန်းစခန်းကို KIA ပူးပေါင်းတပ် ထိုးစစ်ဆင်နေ

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ရှိ ဂျပန်လှိုဏ်ဂူကုန်း စခန်း ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခံနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။အဲ့ဒိစခန်းဟာ အင်းတော်မြို့မှာ သိမ်းပိုက်ဖို့ နောက်ဆုံးကျန်နေတဲ့ စခန်း ၂ခုအနက် ၁ခုဖြစ်ပြီး ဒီဇင် ဘာလ ၁၁ ရက် ညနေပိုင်းကစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ မြို့မရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေနဲ့ စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ခဲ့ပြီး ဂျပန်လှိုဏ်ဂူကုန်းနဲ့ မြို့မဘုန်းကြီး ကျောင်းသာကျန်ရှိနေတာဖြစ်ပါတယ်။ဂျပန်တွေ မြေအောက်ဆေးရုံအဖြစ် အသုံးပြုခဲ့ဖူးတဲ့ နောက်ဆုံးလက်ကျန်စခန်း ဂျပန်လှိုဏ်ဂူကုန်းနဲ့ မြို့မဘုန်းကြီး ကျောင်းဟာ တောင်ကုန်းပေါ်မှာ တည်ရှိပြီး လှိုဏ်ခေါင်းတွေလည်း ရှိနေတာကြောင့် စစ်အုပ်စုဟာ အဲဒီနေရာတွေကနေ လက်နက်အင်အားဖြည့်တင်းကာ အခိုင်အမာအထိုင်ချပြီး ခုခံနေတာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေက […]

လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းမိ – THE 74 MEDIA

စစ်ကောင်စီတပ်က တစ်လကျော်ကြာဝင်ရောက်တပ်စွဲခဲ့သည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ်တို့ ယနေ့နံနက် ၆ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူနှင့် စနိုက်ဘာသမားလည်းပါဝင်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ Post navigation Source link