အခုလ အစောပိုင်းက ဆီးရီးယားမှာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယားသူပုန်ခေါင်းဆောင်အပေါ် အရင်က ဖမ်းဆီးနိုင်ဖို့ ထုတ်ပြန်ထားတဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ကို ပယ်ဖျက်လိုက်တယ်လို့ အမေရိကန် အစိုးရက သောကြာနေ့မှာ ကြေညာပါတယ်။ တချိန်က အယ်လ်ကိုင်းဒါးနဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးတဲ့ အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ Hayat Tahrir al-Sham (HTS) ခေါင်းဆောင် Ahmad al-Sharaa နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် Barbara Leaf တို့ ဒမတ်စကတ်မြို့တော်မှာ တွေ့ဆုံပြီးနောက် ဒီ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ HTS အဖွဲ့ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်မှုကြောင့် ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေကို […]
တောင်ကိုရီးယားတွင် သမ္မတက စစ်အုပ်ချုပ်ရေး ကြေညာပြီး ၂ နာရီခွဲအတွင်း လွှတ်တော်က ယင်းစစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက် သမ္မတ၏ မိခင်နိုင်ငံရေးပါတီနှင့် ယခင်သမ္မတဟောင်းတို့ကပါ လက်ရှိ သမ္မတကို မထောက်ခံတော့ဘဲ စစ်တပ်ကလည်း ပါလီမန်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှုဖြင့် တပ်များ ပြန်ရုပ်သိမ်း ရန်ကုန်၊ ဒီဇင်ဘာ ၄ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်ရန် သမ္မတ၏ မိခင်ပါတီမှ လွှတ်တော်အမတ်များကပါ အတိုက်အခံအမတ်များနှင့်ပူးပေါင်း၍ ပါလီမန်တွင် စစ်အုပ်ချုပ်ရေး ကြေညာမှုကို အဆုံးသတ်ကြောင်း မဲခွဲ ဆုံးဖြတ်လိုက်ကြသည်။ တောင်ကိုရီးယားပါလီမန်တွင် လွှတ်တော်အမတ် ၃၀၀ ရှိသည့်အနက်မှ အတိုက်အခံပါတီက အမတ်နေရာ ၁၇၂ နေရာ သိမ်းပိုက်ထားခြင်းဖြစ်သည်။ ယနေ့ နံနက်အစောပိုင်း တောင်ကိုရီးယားပါလီမန်က လွှတ်တော်အမတ် ၁၉၀ […]