ylliX - Online Advertising Network

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဉက္ကဋ္ဌ ဦးခင်ရီ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ


ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဉက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၀၉ ၄၅ အချိန်တွင် သံလွင်လမ်းရှိ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ ကျင်းပပြုလုပ်သော ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲသို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပါတီဉက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကား ပြောကြားရာ “ယနေ့အခမ်းအနားကို တက်ရောက်ပေးကြတဲ့  ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဉက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုးကွယ်ရာဘာသာအသီးသီးရဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိကြတဲ့သူတွေကို အခုလို စည်းစည်းလုံးလုံးနဲ့တွေ့ရတဲ့အတွက် ဝမ်းသာပါကြောင်း၊ ကိုယ်ယုံကြည်ရာ ဘာသာတရားတွေကို လွတ်လပ်စွာ ကိုးကွယ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဉပဒေမှာလည်း အတိအလင်းဖော်ပြထားတဲ့ နိုင်ငံဖြစ်ကြောင်း၊ မိမိအနေနဲ့ ယခုလိုတွေ့ဆုံရခြင်းသည် ပါတီနိုင်ငံရေးကိစ္စများအတွက် မဟုတ်ပဲ နိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့ပါတီမှာလည်း တိုင်းရင်းသားအားလုံးနှင့် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ စုပေါင်းပါဝင်ကြောင်း”စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ အသင်းဖွဲ့စည်းပုံနှင့် တာဝန်ခွဲဝေထားမှုများ၊ လူမှုကူညီရေးလုပ်ငန်းများတွင် ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်း ပြောကြားခဲ့ပြီး နေ့လည် ၁၁၄၅ အချိန်တွင်  တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *