မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ကို ဒီဇင်ဘာ ၆၊ ၇၊ ၈ ရက်တို့တွင် သုံးရက်တိုင်တိုင် Inya Lake Hotel, Yangon Convention Center (YCC) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကာ၊ မြန်မာနိုင်ငံရှိ ပြင်ပအထည်ချုပ်လုပ်ငန်းရှင်အသင်းများဖြစ်သော Korea Garment Association […]