ylliX - Online Advertising Network

ဖယ်ခုံ၊ ပင်လောင်း၊ ဆီဆိုင်မှာ ပအိုဝ်းပြည်သူ့စစ် စစ်သားစုဆောင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တွေက အရွယ်ရောက်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် ဖယ်ခုံ၊ ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ် တွေမှာ စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ Source link

ဖယ်ခုံ၊ ပင်လောင်း၊ ဆီဆိုင်မှာ ပအိုဝ်းပြည်သူ့စစ် စစ်သားစုဆောင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တွေက အရွယ်ရောက်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် ဖယ်ခုံ၊ ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ် တွေမှာ စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ PNO အဖွဲ့ ထိန်းချုပ် နယ်မြေတွေမှာ တအိမ်ထောင်တယောက် စစ်မှုမထမ်းမနေရ ဖိအားပေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ အခြေစိုက်လှုပ်ရှားနေတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့ နယ်မှာ ကျေးရွာတွေကို တအိမ်တယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ ဖိအားပေးနေပါတယ်။ အဓိက ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေမှာ PNO က အဓမ္မစစ်သားစုဆောင်းပြီး စစ်သင်တန်းတွေ ပေးနေတယ် လို့ နာမည်မဖော်လိုတဲ့ ဒေသခံတဦးက ဗွီအိုအေကို […]

ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို သေနက်ပစ်ခြိမ်းခြောက်ငွေတောင်း

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာနှင့် စစ်ဆေးရေးဂိတ်များတွင် သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပင်လောင်းမြို့နယ်တောင်ပိုင်း လုံကန်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံကန်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားနှစ်ဦးကို သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။ “ပြည်သူ့စစ်တွေက လုံကန်ဈေးကို သွားလာတဲ့ ရွာဒေသခံနှစ်ယောက်ကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ပြီးတော့ သူတို့ကို ပိုက်ဆံတောင်းတာ သားအဖ နှစ်ယောက်ကို။ သိန်းနဲ့ချီ တောင်းတော့ သူတို့က မပေးတော့ သေနတ်နဲ့ပစ်တာ ဆိုင်ကယ်ဘီးထိပြီး သူတို့လူ ပြန်ထိတာ၊ အဲ့တာကို စိတ်တိုပြီး စစ်သားတွေက […]