ylliX - Online Advertising Network

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားများတွင် ဝန်ဆောင်မှုပေးမည့် ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ  ၆ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ပွဲအခမ်းအနား နှင့် ပိတ်ပွဲအခမ်းအနားတို့တွင် ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်    ဟိုတယ် များမှတာဝန်ရှိသူများ တက်ရောက် ကြသည်။ အစည်းအဝေးတွင် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အခမ်းအနားများသို့ တက်ရောက်လာကြ မည့် ဧည့်သည်များကို ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများဖြင့် တည်ခင်းဧည့်ခံနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများ ကူးစက်ရောဂါကင်းရှင်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ ကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည့်အပြင်လုံခြုံရေးကိစ္စကို အထူးဂရုပြုဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။ […]

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၅ ၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေး စခန်းကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော် မတီဝင်များ၊ တည်းခိုရေးစခန်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး  ပြိုင်ပွဲဝင်အားကစား သမားများ၊ အားကစားနည်းပြများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒိုင်/ဂျူရီများ  တည်းခိုနေထိုင်မည့် နေရာများကို ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ဖြစ်စေရေး၊ ဆပ်ကော်မတီဝင်များအားလုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက တည်းခိုနေထိုင်ရေး ဧည့်ခံ ကျွေးမွေးရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ […]