စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေချပြီး ကြိုးစားနေတယ်လို့ ယုံကြည်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်မိတ်သဟာယညစာစားပွဲအခမ်းအနားတက်ရောက်စဉ်မှာပြောပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။ ဒါက အထင်မှားစေပါတယ်။ စစ်ကောင်စီခေါင်းဆောင် အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ တွေ့ဆုံးဆွေးနွေးပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပြောဆိုထားပေမယ့် ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုက ဒီမိုကရေစီနည်းလမ်းနဲ့ ဆန့်ကျင်နေပြီး၊ ယနေ့အချိန်အထိလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအပါအဝင် ဒီမိုကရေစီလှုပ်ရှားသူတွေကို ဖမ်းဆီးထားဆဲဖြစ်တာကိုတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄) […]