ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ (Namhkam Mare) နဲ့ နမ်စဘွမ့်ရွာ (Nam Sabum) နှစ်ခုစလုံးကို ကျေးရွာမြေနေရာ ပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့ စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့် ကျေးရွာနှစ်ခု ပတ်ပတ်လည် မြေနေရာအားလုံးကို ရွှေတူးဖော်လိုက်ပြီးနောက် လက်ရှိမှာတော့ လူနေအိမ် ခြံဝင်း နဲ့ လယ်ယာမြေ၊ စိုက်ပျိုးခြံမြေတွေအထိပါ ပြန်လည် တူးဖော်နေတယ်လို့ မချမ်းဘော ဒေသခံအမျိုးသားတစ်ဦး က KNG ကို ပြောပါတယ်။ “အဓိကတော့ မချမ်းဘောမြို့နယ်ထဲမှာ ပေါ့လေ။ အိမ်ခြံမြေ၊ လယ်ယာမြေ၊ စိုက်ပျိုးမြေ ပါသွားတယ် ဆိုတာကလည်း မြေယာပိုင်ရှင်တွေကိုက ရွှေလုပ်ငန်းရှင်တွေကို ရောင်းချပေးပြီး တူးနေတဲ့ အခြေအနေမှာ ဖြစ်တယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့်ကျေးရွာ နှစ်ခုမှာ ဖြစ်နေတယ်။ အိမ်ခြံမြေတို့ ဥယာဉ်ခြံတို့က တော်တော်လည်း ပါသွားပြီ။ အခုရွှေတူးဖော်တဲ့ စက်ယန္တရားတွေလည်း တော်တော်များတယ်”လို့ ပြောပါတယ်။ နမ်စဘွမ့် […]
ပူတာအိုမြို့အခြေ စိုက် ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦး သေနတ်နဲ့အတူ ထွက်သွားပြီးနောက် တစ်ဦး ပစ်သတ် ခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ပူတာအို လေဆိပ်လုံခြုံရေးအတွက် ကင်းစောင့်တာဝန်ကျစဥ် ထွက်ပြေးခဲ့တာဖြစ်ပြီး တစ်ဦးပစ်သတ်ခံရကာ ကျန်တစ်ဦးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ပူတာအိုမြို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ပြေးတာက ပြီးခဲ့တဲ့ စနေနေ့တုန်းက ထွက်ပြေးသွားတာ လေဆိပ်လုံခြုံရေးအတွက်တောစပ်မှာ ကင်းပုန်းချထားတဲ့ချိန် နှစ်ယောက်စလုံး သေနတ်တွေနဲ့ ထွက်ပြေးသွားတာ တစ်ယောက်က မနေ့က မိသွားလို့ပစ်သတ်ခံလိုက်ရတယ်။ တစ်ယောက်က မမိသေးဘူး”လို့ ပြောပါတယ်။ ထွက်ပြေးသွားတဲ့ စစ်သားနှစ်ဦးကို ကျန်စစ်ကောင်စီတပ်သားတွေက မြို့တွင်းမြို့ပြင်မှာ လူစုခွဲ ရှာဖွေရာကနေ တစ်ဦးကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ နာမ်ရှယ်ကျေးရွာ နဲ့ မလိခုံကျေးရွာအနီး တောစပ်တစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီးနေရာမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ “တစ်ယောက်ကိုပဲ တွေ့တယ်တဲ့ သေနတ်နဲ့ပါတော့ အဲ့မှာပဲ တစ်ခါတည်း ပစ်သတ်လိုက်တာ။ မလိခုံရွာ ရောက်ခါနီး သံဘောင်တံတား […]
ကချင်ပြည််နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးကို ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်ခဲ့တယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီဝန်းကျင် ကောင်ကထောင်ရပ်ကွက် စားသောက်ဆိုင်ကနေ နေအိမ်ပြန်လာတဲ့အမျိုးသားတစ်ဦး လမ်းခုလတ်တစ်နေရာမှာ လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးကို လမ်းကြုံတင်လာရာကနေ လမ်းခုလတ်တစ်နေရာ ဓာတ်ခုတ်ခံရပြီး ဆိုင်ကယ်၊လက်ကိုင်ဖုန်းနဲ့ငွေသားလုယက်ခံလိုက်ရတယ်လို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဓားခုတ်ခံရတဲ့တစ်ယောက်က လူလတ်ပိုင်းအရွယ်ပဲ လုံးစွတ်ကနေ စားသောက်ဆိုင်ထိုင်ပြီး ကောင်ကထောင်ဘက်ကိုအလာ ည ၉ နာရီမှာ ဖြစ်သွားတာ သူလမ်းကြုံတင်လာတဲ့လူက လမ်းတစ်ဝက်ရောက်တော့ ဓားနဲ့ရွယ်ပြီးဆင်းခိုင်းတာ ဆိုင်ကယ်လည်းရပ်ကောဓားနဲ့ခုတ်ပြီးပါတာအကုန်လုပြီးမောင်းပြေးသွားတာတဲ့”လို့ ပြောပါတယ်။ ဓားခုတ်လုယက်ခံရသူဟာ အသက် ၃၀ ခန့်အရွယ် အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဦးခေါင်းဓားခုတ်ရာတစ်ချက်၊ လက်မောင်းဓားခုတ်ရာတစ်ချက်ခုတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိသွားတာကြောင့် ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ “သူက ဓားခုတ်ခံရတော့ အော်ပြီးတော့ဒီဘက်ကုန်းပေါ်(ကောင်ကထောင်)ဘက်ကိုပြေးတက်လာတာ လူတွေထွက်ကြည့်တော့သူကသွေးတွေနဲ့သတိလစ်နေပြီချက်ချင်းဆေးရုံတင်ပေးလိုက်ကြတယ်”လို့ နောက်ထပ် ပူတာအိုမြို့ဒေသခံအမျိုးသမီးတစ်ဦး ကဆက်ပြောပါတယ်။ အခင်းဖြစ်ပွားသွားတဲ့နေရာဟာ ကောင်ကထောင်ရပ်ကွက်နဲ့ လုံးစွတ်ရပ်ကွက်ကြားရှိ အစိုးရ စိုက်ပျိုးခြံ လူပြတ်တဲ့နေရာမှာဖြစ်ပွားခဲ့တာလို့ သိရပြီး ဒီနှစ်အတွင်း လုယက်မှု၊ ခိုးမှုတွေပိုစိပ်လာတယ်လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ပူတာအိုဒေသမှာ ခုနောက်ပိုင်း လူစည်ကားတဲ့ စည်ပင်စျေး၊ စားသောက်ဆိုင်တွေမှာ ဆိုင်ကယ်ခိုးခံရတာတွေမကြာခနဖြစ်ပွားတတ်ပြီး ကျေးရွာတွေဘက် အိမ်မွေးတိရိစ္ဆာန်ခိုးယူခံရတဲဲ့ထိ အခြေနေဆိုးရွားနေတယ်လို့သိရပါတယ်။ ပူတာအိုမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားခုယက်ခံလိုက်ရပြီး ရွှေသုံးပိဿနဲ့ငွေသားတွေလုယက်ခံလိုက်ရပြီး စုစုပေါင်း ကျပ်သိန်းသုံးသောင်းကျော်ဆုံးရှုံးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ငွေကြေးဖောင်းပွမှု၊ကုန်စျေးနှုန်းမြင့်တက်မှု၊အလုပ်အကိုင်ရှားပါးမှုတွေကြောင့် နေရာတိုင်းလိုလိုခိုးဆိုးလုယက်မှုတွေဟာ ပိုပြီးဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw The post ပူတာအိုမြို့မှာ ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ် appeared first on Kachin News Group (KNG). Source link
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ် ၁၀၀၀ (တစ်ထောင်)ပေးဝယ်ရတဲ့အထိ စံချိန်တင်ကုန်စျေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့နဲ့ မိုင် ၆၀ ဝန်းကျင်သာဝေးတဲ့ နောင်မွန်မြို့မှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊စက်သုံးဆီစျေးမြင့်တက်မှုတွေကြောင့် တန်ဆာခ ဂျက်ဖာအသေးတစ်ဖာ ၅၀၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရတာကြောင့် နောင်မွန်မြို့ပေါ်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း စံချိန်တင်မြင့်တက်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တန်ဆာခအရမ်းစျေးကြီးလို့တဲ့ ကုန်စျေးနှုန်းကတော့ မကြုံစဖူးပဲ သဇင်မုန်းတစ်ထုပ်တောင် ၈၀၀၀ (ရှစ်ထောင်)ပေးပြီးဝယ်စားနေရတယ်။ ခရမ်းချဥ်သီးက တစ်လုံးကိုတစ်ထောင် နောက်ဆို တစ်လုံးနှစ်ထောင်တောင်ဖြစ်လာမလားပဲ”လို့ နောင်မွန်မြို့အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။ လတ်တလော နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၃၅၀၀၀ (သုံးသောင်းငါးထောင်)၊ ကြက်သွန်ဖြူတစ်ပိသာ ကျပ် ၃၀၀၀၀ (သုံးသောင်း)၊ ကြက်သွန်နီတစ်ပိသာကျပ်၀ ၁၅၀၀၀ (တစ်သောင်းငါးထောင်) ၊ ကြက်ဥတစ်လုံးကျပ် ၁၀၀၀(တစ်ထောင်) ၊ ဆန်တစ်အိတ်ကျပ် ၂၇၀၀၀၀ (နှစ်သိန်း ခုနှစ်သောင်း) စသဖြင့် ပေးဝယ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ နောင်မွန်းမြို့မှာ အခုလိုကုန်စျေးတွေအဆမတန်မြင့်တက်နေတာ ၅ လဝန်းကျင်ကြာမြင့်လာပြီး ခုလို ကုန်စျေးနှုန်းမြင့်တက်နေတာဟာ မြစ်ကြီးနား– ပူတာအိုကနေ အဆင့်ဆင့်သယ်ယူနေရပြီး လမ်းခရီးပိုင်းကြန့်ကြာမှု၊ခက်ခဲမှု၊တန်ဆာခမြင့်တက်မှုတွေကြောင့် ဖြစ်တယ်လို့ နောင်မွန်းမြို့ခံ စျေးသည်တစ်ဦးက ပြောပါတယ်။ “နောင်မွန်းနဲ့ပူတာအိုက မိုင် ၆၀ ကျော်ပဲဝေးတာလေးလမ်းကောင်းရင် နေ့တဝက်ပဲ အခုကလမ်းမကောင်းတာတစ်ကြောင်း ဆီစျေးကြီးတာကတစ်ကြောင်း။ ပြီးတော့ လမ်းကခက်တော့ ကုန်ကားကြီးတွေလည်းမတက်လာနိုင် ကားသေးလေးတွေလည်းခက်ခက်ခဲခဲတက်လာနေရတော့ တန်ဆာခက ဂျက်ဖာသေးသေးလေးကိုတောင် ၅၀၀၀၀ (ငါးသောင်း) လောက်ပေးနေရတယ်။ အဲ့ဒါကြောင့်ရောင်းတဲ့လူလည်းစျေးတင်ရောင်းရတာ”လို့ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား–ပူတာအိုလမ်းပိုင်း ပြီးခဲ့တဲ့ဇူလိုင်လ မိုးသည်းထန်စွာရွာပြီးနောက် လမ်းပိုင်းပျက်စီးပြီးနောက် ကားလမ်းပိုင်းရာနှုန်းပြည့်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားကြီးဝင်ခွင့်မရသေးဘဲ ကုန်ကားအသေးတွေနဲ့သာ သယ်ယူနေရပြီး လမ်းပိုင်းအကောက်အခွန်များတာ၊ တန်ဆာခများတာတွေကြောင့် ပူတာအိုမြို့ပေါ်မှာလည်းကုန်စျေးအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ အလားတူဘဲ ကချင်ပြည်နယ်ထဲကို အဓိက အခြေခံစားသောက်ကုန်ဝင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်းလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း စစ်ရေးအခြေနေကြောင့် ပုံမှန်သွားလာလို့မရတဲ့အပြင် တရုတ်နယ်စပ်ကနေဝင်လာတဲ့လမ်းကြောင်းလည်း ပန်ဝါမြို့သိမ်းပြီးနောက် တရုတ်ဘက်က ချက်ချင်းပိတ်လိုက်တာကြောင့် ကချင်ပြည်နယ်ထဲမှာ အခြေခံစားသောက်ကုန်ဝင်ရောက်မှု အကန့်သတ်သာရှိနေတဲ့အတွက် မြို့တော်မြစ်ကြီးနားမှာလည်း ကုန်စျေးနှုန်းတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားကနေ အဆင့်ဆင့်သယ်ယူနေရတဲ့ ပူတာအို၊နောင်မွန်မြို့တွေမှာ အခြေခံစားသောက်ကုန်တွေဟာ စံချိန်တင်စျေးမြင့်တက်လာတာလည်းဖြစ်ပါတယ်။ By- Zaw Zaw The post နောင်မွန်မြို့မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ စံချိန်တင်စျေးမြင့်တက် appeared first on Kachin News Group (KNG). Source link