ထောက်ပံ့မှုတွင် အကျုံးဝင်သူအားလုံးကို စာရင်းကောက်ယူရန်နှင့် အကျုံးဝင်သူအားလုံးကလည်း စာရင်းကောက်ယူမှုတွင် ပူးပေါင်းပေးကြရန် နှိုးဆော်ထား ၂၀.၁.၂၀၂၅Written by Nyein Kyaw အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများ(တိုက်ပွဲရှောင်ပြည်သူများ)အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေး အန္တရာယ်ကျရောက်မှုတွင်ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၇ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့သည်။ […]
ရေငုပ်ပြမယ်ဟုဆိုကာ ရေငုပ်ပြရာမှ ဆယ်ကျော်သက်အရွယ် Grade-6 ကျောင်းသား ရေနစ်သေဆုံးမှုဖြစ်ပွား – Myanmar Transparency News Source link
ရန်ကုန်မြို့ပြရဲ့ ငမိုးရိပ်ချောင်းအတွင်းက ရေစုန်ရေဆန် ပလုံကောက်သူ မယု၊ “မျက်စိကျသူများလာတဲ့ ဒီလုပ်ငန်းခွင်မှာ မိန်းမသားတစ်ဦးအနေနဲ့ ရေရှည်တိုးဝှေ့ ရှာဖွေနိုင်ပါ့မလား” – Myanmar Transparency News Source link
မော်လမြိုင်တွင်ဖြစ်ပွားခဲ့သော သုံးထပ်တိုက်နှင့် Sony လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်ကျွမ်းမှု ဘတ္ထရီနှင့် အင်ဗာတာ ဖွင့်ထားရာမှ အပူလွန်ကဲမှုကြောင့်ဟု စစ်ဆေးတွေ့ရှိ – Myanmar Transparency News Source link
ဒီတစ်ပတ် (ဇန်နဝါရီ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ) အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီတပ်က ဗုံးပတ်ကြဲနေဆဲဖြစ်ပါတယ်။ အဲဒီထဲ ရခိုင်ပြည်က အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရမ်းဗြဲနဲ့ ကျောက်တော် ဗုံးကြဲခံရမှုအတွင်း လူအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။ တဖန် အလယ်ပိုင်း အညာဒေသ၊ မြောက်ပိုင်း ကချင်ဒေသ၊ တောင်ပိုင်းက တနင်္သာရီဒေသတွေမှာ တော်လှန်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပေါ်နေတဲ့ ရက်သတ္တပတ်လို့ ဆိုရပါမယ်။ ဒါ့အပြင် အနောက်ပိုင်းက AA ဟာ ရခိုင်ပြည်အပြင် ဧရာဝတီတိုင်းမြို့တော် ပုသိမ်အနီးအထိ တိုက်ပွဲတွေဖော်ဆောင်လာပါတယ်။ အဲဒီမှာ ကချင်က KIA/KPDF တွေက မံစီမှာ အောင်ပွဲရယူနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ ဒီတစ်ပတ်ထဲ ကချင်ပြည်တည်ထောင်တာ ၇၇ နှစ်ပြည့်မြောက်သွားပါတယ်။ အဲဒီလိုသတင်းတွေနဲ့အတူ ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးနေတဲ့သတင်းက ထူးခဲ့ပါတယ်။ […]
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၃၀၀ကျော်သေဆုံး ပုံစာ – KIA ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ၂၀၂၃ခုနှစ် အောက်တိုဘာလ ၉ရက်မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေး ၁၁ဦး အပါအဝင် စစ်ဘေးရှောင်၂၉ ဦး သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀၀ ကျော် သေဆုံးတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။ အာဏာသိမ်းချိန်ကနေ အခုအောက်တိုဘာ ၂၀ရက်အထိ သုံးနှစ်ကျော်အတွင်း လူ ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၅ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုသတ်ဖြတ်မှုရဲ့ ၉၂ရာခိုင်နှုန်းကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး […]