ylliX - Online Advertising Network

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်၌ ဖြစ်ပွား သော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၀-၁၂-၂၀၂၄) ရက်နေ့၊ (၁၂း၅၀)အချိန်တွင် ပြည်ထောင်စုနယ် မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၄၇၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၃)ပုံး၊ အိမ်ထောင်စု (၃)စုစာတို့အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ (၂၁-၁၂-၂၀၂၄) ရက်နေ့၊ (၁၁း၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_dec_2024 Source:     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link

မန္တလေးမြို့တွင် ဆရာဝန် အချင်းချင်း ပြန်ပေးဆွဲ လူသတ်မှု ဖြစ်ပွား –

မန္တလေးမြို့တွင် ဆရာဝန် အချင်းချင်း ပြန်ပေးဆွဲလူသတ်မှု ယခု ရက်ပိုင်းတွင်းက ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဒီဇင်ဘာ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာ ရပ်ကွက် ၊၁၀၁ အေ လမ်း ၊ ၅၅လမ်းနှင့်၅၆လမ်းကြားရှိ ဒေါက်တာ အောင်မြင့်မြတ် ထွန်း (အသက် ၃၃ နှစ်) သည် နံနက် ၉နာရီခွဲခန့်က အပြင်ဆေးခန်းသို့ ဆေးကုသရန်ထွက်သွားရာမှ အဆက်သွယ် မရတော့ ကြောင်း နှင့် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါက်တာအောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားကြောင်း ၊ အသက်ရှင်လျက် ပြန်လိုချင်ပါက ငွေကျပ်သိန်းသုံးထောင်ဖြင့် လာရွေးယူရန် ဖုန်းဝင်လာခဲ့ကြောင်း သိရသည်။ ထို့နောက် ညနေသုံးနာရီခန့်တွင် ဘုရားကြီးအနီးသို့ ငွေလာရောက်ပေးရန် ချိန်းဆိုသဖြင့် မိသားစုဝင်များမှ ငွေသိန်း […]

ကြည့်မြင်တိုင်ငါးဈေးက ရေခဲကြိတ်စက်ရုံ မီးလောင်မှု ဒီနေ့မနက် ဖြစ်ပွား

၃၀.၁၁. ၂၀၂၄Written by Hey Mar မနက်အစောပိုင်း မီးပျက်လို့ မီးစက်နှိုးပြီး အလုပ်လုပ်ရာက မီးစက်ပြုတ်ကျ မီးလောင်မှုဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၃၀ ရက် မနက် ၆ နာရီ ၂၆ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်က ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ဥယျာဉ်လမ်းရှိ ဗဟိုစံပြငါးဈေး၊ ရေခဲကြိတ်စက်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် စက်ရုံအလုပ်သမားတစ်ဦး မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ အဆိုပါအသင်းတာဝန်ရှိသူက “မနက်က မီးပျက်တယ်လေ။ ပျက်‌တော့ သူတို့က မီးစက်ကို ခုံအမြင့်ပေါ် ခနော်နီခနော်နဲ့ တင်နှိုးထားပြီး အနောက်မှာ အလုပ်လုပ်နေကြတာ။ မီးစက်က ခုံပေါ်ကနေ ပြုတ်ကျပြီး စလောင်တာ။ သူတို့စက်ရုံက အလုပ်သမားတစ်ဦးလောက်ပဲ […]

အိုင်စီစီတရားသူကြီးတွေဟာ မင်းအောင်လှိုင်ကိုဖမ်းမယ့်ဝရမ်းအပေါ် ဆုံးဖြတ်ရတော့မှာ ဖြစ်ပြီး ဒါနဲ့ပက်သက်လို့ယူဆပြောဆိုချက်များစွာ ထွက်ရှိလာပါတယ်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုချက်ကို တရားသူကြီးတွေက ဆုံးဖြတ်ရတော့မှာပါ။ ရုံးတော်ကိုလျှောက်ထားချက်တွေဟာ ပိုင်နိုင်ခိုင်လုံတဲ့စွဲချက်တွေဖြစ်ကြောင်းသိရပြီး နောက်ထပ် စွဲချက်တွေလည်း ထပ်လာဦးမယ်လို့ ရှေ့နေချုပ်ကဆိုထားပါတယ်။ စနစ်တကျအချိန်ယူပြင်ဆင်ထားတဲ့ စွဲချက်တွေဖြစ်လို့ တရားသူကြီးတွေဘက်က ဒီဖမ်းဝရမ်းလျှောက်ထားချက်ကို ပယ်ချမှာမဟုတ်ဘူးလို့လည်း သတင်းများက ဆိုပါတယ်။ ဒီသတင်းတွေဟာ ကမ္ဘာ့မီဒီယာတွေပေါ်မှာလည်းလူပြောသူပြောလည်း များခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရပြောတာကတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်တပ်ဆီက တရားမျှတမှု ပြန်တောင်းယူဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီသဘောထားအမြင်ကို ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ ရိုဟင်ဂျာအရေး အဆင့်မြင့် ကိုယ်စားလှယ် ခါလီလူရာမန်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေခြင်းဟာ တရားမျှတမှုပြန်ရဖို့ ပြတ်သားတဲ့ခြေလှမ်းတရပ်ဖြစ်လာမယ်လို့ ယူဆကြောင်း သူကဆိုပါတယ်။ အကြမ်းဖက်အုပ်စုအနေနဲ့ အဓိကမှီခိုအားကိုးနေရတဲ့ မြန်မာ့အိမ်နီးချင်းတရုတ်ကတော့ […]

မန္တလေးတွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားများအား အလုပ်သမားက ဓားဖြင့်ခုတ်၊ ဆိုင်ပိုင်ရှင်အပါအဝင် ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရမှု ယမန်နေ့က ဖြစ်ပွား

မန္တလေးတွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားများအား အလုပ်သမားက ဓားဖြင့်ခုတ်၊ ဆိုင်ပိုင်ရှင်အပါအဝင် ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရမှု ယမန်နေ့က ဖြစ်ပွား – Myanmar Transparency News Source link