ylliX - Online Advertising Network

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်မှာ သတင်းဂျာနယ် အခမဲ့ဖြန့်ဝေ

ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ပြည်သူတွေ သတင်းအချက်အလက် အမှန်ကို သိနိုင်ဖို့ အောက်တိုဘာလ ဒုတိယအပတ်ကစလို့ “အာရက္ခဒတ်ချ်” အမည်ရှိ သတင်းဂျာနယ်ကို အခမဲ့ ထုတ်ဝေဖြန့်ချိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။   အာရက္ခဒတ်ရှ်- ARAKKADESHလို့ အမည်ပေးထားတဲ့ သတင်းဂျာနယ်ကို ရခိုင်သတင်းသမား သုံးယောက်က ဦးဆောင်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ သံတွဲမြို့နယ်မှာ စတင်ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။   သတင်းဂျာနယ်ဖြန့်ဝေတာနဲ့ပတ်သက်လို့ CJ Platform က ဆက်သွယ်မေးမြန်းရာမှာတော့ ဦးဆောင်သူ သုံးယောက်ထဲပါဝင်တဲ့ ကိုတေဇာအောင်က အခုလို ပြောပါတယ်။   “အဓိက ရခိုင်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ လျှပ်စစ်မီး လုံးဝပြတ်တောက်နေတယ်။ ဖုန်းအားသွင်းရင်လည်း ၁၀၀၀ (ကျပ်) နဲ့ ၂၀၀၀ (ကျပ်) ကြား […]