မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNDAA ခေါင်းဆောင်ဖုန်တာရွှင်ကို ဖမ်းဆီးထိန်းသိမ်းထားတာမဟုတ်ဘဲ တရုတ်-မြန်မာနယ်စပ် ယူနန်မှာ ဆေးကုသမှုခံယူနေခြင်းသာဖြစ်တယ်လို့ တရုတ်ဘက်က ဖြေရှင်းလာပါတယ်။နိုဝင်ဘာ ၁၈ရက်မှာ Myanmae Now သတင်းဌာနက ကိုးကန့်ခေါင်းဆောင်ကို တရုတ်အစိုးရက အကျယ်ချုပ်ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့ပြီးနောက် မနေ့က နိုဝင်ဘာ ၁၉ရက်မှာ ပေကျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ဘက်က ဖြေရှင်းပြောဆိုလာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရအရာရှိ Lin Jian က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ထိန်းသိမ်းလိုက်သည်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် တရုတ်ဘက်သို့လာရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ပြောပါတယ်။တရုတ်နိုင်ငံဟာ စစ်ကောင်စီကို ပြတ်ပြတ်သားသားထောက်ရပ်တည်ကြောင်း နိုဝင်ဘာလဆန်းပိုင်းက မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရောက်စဉ်အတွင်း ပြောဆိုလိုက်တယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ နေပြည်တော် အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးမှာ ထုတ်ပြောလာပါတယ်။ […]