-ဇန်နဝါရီလ ၅ ရက်နေ့ ၁၈၀၀ နာရီတွင် ကွန်ဟိန်းမြို့၊ ရပ်ကွက်(၂)၊ မြို့မဈေးလမ်းနေ ဦးစိုင်းဆိုင်ရ (၅၄)နှစ်၊ နန်းငင်းအိမ် ကုန်စုံဆိုင်လုပ်ကိုင်သူသည် ဆိုင်အတွင်း၌ ဈေးရောင်းနေစဉ် ဆိုင်ရှေ့သို့ ယာဉ်အမှတ်(စိစစ်ဆဲ) Crown အဖြူရောင်ယာဉ် တစ်စီး ရောက်ရှိလာခဲ့ပြီး ယာဉ်ပေါ်မှ Mask အဖြူရောင်ကိုယ်စီ ဝတ်ဆင်ထားသည့် ကျား ၄ ဦးသည် ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဆိုင်ရှင်ဖြစ်သူ ဦးစိုင်းဆိုင်ရ၏ လက်နှစ်ဖက်အား ပလပ်စတစ်ဖိုက်ဘာကြိုးဖြင့် တုပ်၍ ဈေးရောင်းကောင်တာအံဆွဲအတွင်းမှ ငွေကျပ် ၅ သိန်းအား ယူဆောင်၍ ဦးစိုင်းဆိုင်ရအား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဆိုင်ရှိ CCTV မှတ်တမ်းအား ယူဆောင်ပြီး […]
-ဇန်နဝါရီလ ၃ ရက်နေ့ ၀၅၀၀ နာရီတွင် ဂန့်ဂေါခရိုင်၊ ကျောမြို့၊ စကားကျေးရွာနေ ဦးစိန်ဘိုသန်း (၅၃)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်တင်တင်စန်း(၅၆)နှစ်၊ အထက(ခွဲ)(စကားကျေးရွာ)တာဝန်ခံကျောင်းအုပ်တို့ ၂ ဦးသည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်ရောက်ရှိလာခဲ့ပြီး ကျေးရွာ၏ အရှေ့ဘက် တောအုပ်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ -ဇန်နဝါရီလ ၃ ရက်နေ့ ၁၄၅၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စဉ်ကျေးရွာနေ ဦးလွှမ်းမိုးနိုင်(၄၀)နှစ်၊ ညောင်ပင်စဉ် ကျေးရွာနေသူသည် နေအိမ်မှ ယာဉ်အမှတ်၊ MDY-13 2L/6196 အမျိုးအစား AD VAN(ဖြူ)ယာဉ်ဖြင့် စစ်ကိုင်းမြို့သို့ […]