ylliX - Online Advertising Network

AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ – Western News

အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသည်ဟုဆိုကာ အငြိမ်းစားရဲမှူး ဦးရွှေဇံကို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဖမ်းဆီးသွားကြောင်း သိရသည်။ သာကေတမြို့နယ် အမှတ် (၇) အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက ၎င်း၏ နေအိမ်သို့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က စစ်သား၊ ရဲသား လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အာရက္ခတပ်တော် AA ထောက်ခံသည့် စာသားများ ရေးသားကာ စစ်ကောင်စီအား ဆန့်ကျင်လှုံ့ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် အငြိမ်းစား ရဲမှူး ဦးရွှေဇံကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ဦးရွှေဇံအား ဖမ်းဆီးရန် ၎င်း၏ နေအိမ်အား ရှာဖွေမွှေနှောက်၍ Iphone 13 […]

ရေလုပ်သား ၄ ဦးကို မကာကွယ်နိုင်သည့် ထိုင်းအစိုးရအား အမျိုးသားလုံခြုံရေး ဥက္ကဌက ဝေဖန် – Western News

မြန်မာ့ရေပိုင်နက်ကို ကျူးကျော် ငါးဖမ်းသည်ဟုဆိုကာ စစ်ကောင်စီက ထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် ၃၁ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့သည် ပြည်သူများအား အကာအကွယ်မပေးနိုင်ဟု ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဌက ဝေဖန်ပြောကြားလိုက်သည်။ ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဌ Rangsiman Rome က ပေထုန်တန် ဦးဆောင်သော လက်ရှိ ထိုင်းအစိုးရအဖွဲ့မှာ ပြည်သူကို မကာကွယ်ပေးနိုင်သော အားနည်းသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း ပြသနေသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံသား ရေလုပ်သား ၄ ဦးကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်ခြင်းအပေါ် လက်ရှိ ထိုင်းအစိုးရအဖွဲ့အနေဖြင့် မြန်မာသံအမတ်ကို ဆင့်ခေါ်ကာ သဘောမတူကြောင်း ပြောရမည်ဟု ၎င်းက တိုက်တွန်းထားသည်။ ထိုင်း-မြန်မာရေပိုင်နက်သည် ပြတ်သားသော နယ်နမိတ်စည်းမျဉ်းမရှိသည့်အပြင် ထိုင်းငါးဖမ်းသင်္ဘောများကို ပစ်ခတ်မှုမှာလည်း မသင့်တော်ကြောင်း ထပ်မံ […]