ylliX - Online Advertising Network

အနှောင်အဖွဲ့အပူသောက လွတ်မြောက်ငြိမ်းအေးစေသော အဓိဌာန်အစီအရင် – ဗေဒင်သုတ

လူ့ဘောင်လောကီတွင် သက်ရှိတိုင်း လောကဓံတရား၏ ရိုက်ခတ်မှုကို အနည်းနှင့် အများဆိုသလို ခံကြရလေ့ရှိကြ၏။ လောကဓံဆိုး၏ ကြီးမားသော ရိုက်ခတ်မှုအောက်တွင် ဖြစ်ချင်သည့်ဆန္ဒများမဖြစ်ရ မဖြစ်ချင်သည့်အရာများ ရင်ဆိုင်ဖြေရှင်းကြရ…ရှင်သန်လိုစိတ်ပျောက်ဆုံးသည်ထိ ဖြစ်ကြရသော လူသားများလည်းရှိကြပေသည်။ ကြီးစွာသော ပူပန်မှုဖြင့် ဝဋ်ဆင်းရဲဆန်ဆန် လောကဓံ၏ ရိုက်နှက်မှုကို ခံကြရပေသည်။ ယင်းကဲ့သို့သောအချိန်အခါမျိုးတွင် အမှန်တကယ် အနှောင်အဖွဲ့များမှ ကင်းလွတ်ခြင်း အပူသောကမှ လွတ်မြောက်ခြင်းများအတွက် လောကီအစီအရင်တစ်ခုကို ဖော်ပြပေးပါမည်။ ယခုအစီအရင်တွင် ဘေးမဲ့လှူခြင်းကုသိုလ်၊ ဆောက်တည်ခြင်းသီလနှင့် ပွားများခြင်း ဘာဝနာ သုံးခုရှိပါသည် ။ မည်သူမဆို လုပ်ဆောင်နိုင်သော အဓိဌာန်အစီအရင်တစ်ခုဖြစ်ပါသည်။ အဓိဌာန်ကာလကို ၉ရက်၊ ၁၈ရက်၊ ၂၇ ရက်စသဖြင့် အလျဉ်းသင့်သလို စတင် ဝင်ရောက်နိုင်ပြီး မိမိမွေးနေ့တွင် စတင်ရပါမည်။ ၁) မိမိမွေးနေ့ မနက်ပိုင်းတွင် (အချိန်မလို) တရော်ကင်ပွန်းဖြင့် ခေါင်းဆေးပါ။ […]

လွဲချော်မှုများ ရပ်တန့်စေဖို့ အစီအရင် – ဗေဒင်သုတ

တစ်ခါတစ်ရံ သေချာပေါက် တွက်ဆထားသော အကြံအစည်များ လွဲချော်တတ်တာမျိုးတွေ ရှိတတ်သလို စိတ်ညစ်နွမ်းခြင်း ဘာမှလုပ်လိုစိတ် မရှိတတ်ခြင်းကိုလည်း ခံစားရတတ်ပါသည်။ ထိုသို့ လွဲချော်မှုများ အဆင်မပြေမှုများကို ပြေလည်စေရန် လွယ်ကူရိုးစင်း၍ အကျိုးထင်ရှားစေမည့် မြန်မာ့လက်ဆန်းဗေဒင်ပညာရပ်လာ ယတြာအစီအရင်တစ်ခုရှိပါသည်။ ရှေးခေတ်ဗေဒင်ပညာရှင်ကြီးများ ပြောခဲ့သော “နဝင်းကိုခံ ကံကိုမြှင့်” ဟူသော စကားချပ်ရှိပါသည်။ ယခုယတြာကို ဆောင်ရွက်ရာတွင်လိုအပ်သော နဝင်းဓာတ်ခံ အချို့ကိုဖော်ပြပါမည်။ လိုအပ်သောပစ္စည်းများ– ကြွေပန်းကန် ( ၂+၅+၂ = ၉ – နဝင်း)– လစ်ပိုပုလင်း ( ၄+၅+၅+၄ = ၁+၈ = ၉ – နဝင်း)– လက်ဖက် ၉ ပုံ– လိမ္မော်ရောင် ဖယောင်းတိုင် ၁ တိုင်– မိမိမွေးနံ၏ အညွန့်ပန်း (နေ့သားအလိုက်ကွဲပြားမှုရှိပါသည်)အထက်ပါ […]

၂၀၂၄ ခုနှစ် ကြာသပတေးဂြိုဟ်အပြောင်းမှာ ကံကောင်းမယ့်ရာသီခွင်များ – ဗေဒင်သုတ

အနောက်တိုင်းသာယန နက္ခတ်ဗေဒင်အရ ကောင်းကျိုးချမ်းသာတွေ ပေးနေကျ ကြာသပတေးဂြိုဟ်ကြီးဟာ ၂၀၂၄ ၊ မေ ၂၅ ရက်ကနေ ၂၀၂၅ ၊ ဇွန် ၉ ရက်နေ့အထိ မေထုန်ရာသီမှာ ရပ်တည်လာပါမယ်။ ကြာသပတေးဂြိုဟ် မေထုန်ရာသီခွင် ရောက်ရှိနေတဲ့ ဖော်ပြပါ တစ်နှစ်တာနီးပါးတွင်း ဘယ်ရာသီဖွားတွေက ဘယ်လို ကံကောင်းလာမလဲ ဆိုတာ တင်ပြပေးလိုက်ပါတယ်။ မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) ဘဝအပေါ် မျှော်လင့်အကောင်းမြင်မှုတွေ၊ အတတ်ပညာအသိပညာတွေကို စိုးမိုးတဲ့ ကြာသပတေးဂြိုဟ်ဟာ မေထုန်ရာသီခွင်မှာ ရပ်တည်လာမှာ ဖြစ်လို့ တစ်နှစ်တာအတွင်း မေထုန်ရာသီဖွားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ၊ အရည်အချင်းတွေ၊ အသိဉာဏ်တွေ ခါတိုင်းနဲ့မတူ ထူးထူးခြားခြား တိုးတက်လာမှာ ဖြစ်ပြီး အကြံအစည်တွေ၊ ရည်ရွယ်ချက်တွေကိုလည်း အောင်မြင်အောင် ကြိုးစားအားထုတ်နိုင်လာမှာ […]