ylliX - Online Advertising Network

ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုတွင် မြန်မာလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ ဗိုလ်ကျအနိုင်ကျင့်တတ်သူ သတ်ဖြတ်ခံရမှု ဖြစ်ပွား

၃၀.၁. ၂၀၂၅Written by Shwe Phyo ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက ဆာမတ်ပရာကန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားအလုပ်သမားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဆာမတ်ပရာကန်ပြည်နယ်၊ ဘန်ဖီလီဒေသရှိစက်ရုံတွင် အလုပ်သမားအချင်းချင်းစကားများရာမှ မြန်မာနိုင်ငံသားအလုပ်သမားက အခြားမြန်မာနိုင်ငံသားကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာားသည်။ ဘန်ပလာအရပ်ဒေသရှိ ပလက်စတစ်စက်ရုံတွင် လူသတ်မှုဖြစ်ပွားသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား သီဟဆိုသူကို သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့မြင်ခဲ့ကြောင်း ထိုင်း ဘန်ဖီလီရဲစခန်းမှ ရဲမှူး ကင်ခက်က ပြောသည်။ မြန်မာနိုင်ငံသား သီဟ၏ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဖက်လက်တွင် ဓားဒဏ်ရာ ၉ ချက်ကို တွေ့မြင်ခဲ့သလို ရုပ်အလောင်းနားတွင်သွေးစွန်းနေသော ဓားနှင့် ပုလင်းကွဲအပိုင်းစများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ […]