အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းက တပ်ဆုတ်လာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာတိုက်ခိုက်လို့ ဖွဲ့စည်းပုံပျက်ပြီးထွက်ပြေးသွားပြီး ၂ဦးသေဆုံးကာ သုံ့ပန်း ၁၄ဦးဖမ်းမိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၂၃ရက်နေ့မှာ တစ်မိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးတဲ့စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းက အမ်း-ပဒါန်း လမ်းတစ်နေရာမှာ စောင့်ကြို ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၂ ) ဦးကျဆုံးပြီး သုံ့ပန်း (၁၄)ဦး၊ လက်နက်ငယ် (၂) လက် နဲ့ ခဲယမ်း တို့ကို တိုက်ပွဲတွင်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကြောင်းဟာ တိုက်ပွဲတွင်း ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိခြင်းကြောင့် […]