စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်လေ့ရှိသည့် စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းပွဲကို လာမည့်ရက်ပိုင်းအတွင်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ကျင်းပရန်ပြင်ဆင်နေပြီး မြို့အနှံ့လုံခြုံရေး တင်းကျပ်ထားသည်။ ပြင်ဦးလွင်မြို့တွင် စစ်တက္ကသိုလ်(DSA)နှင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်းပွဲကို ပြီးခဲ့သည့်နှစ်များကလည်း ဒီဇင်ဘာပထမပတ်တွင် ပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့်နှစ်က DSA အပတ်စဉ် (၆၅) ကျောင်းဆင်းပွဲကို ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပမည်ဟု သတင်းများထွက်ပေါ်နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၂၉ ရက်နေ့မှစပြီး မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း နှင့် မြို့ပြင်စစ်ဆေးရေးဂိတ်များတွင် စစ်တပ်အင်အားတိုးထားပြီး လုံခြုံရေးအတွက် မန္တလေးနှင့်ကျောက်ဆည်မြို့များမှ သံချပ်ကာတပ်နှင့် တင့်ကားတပ်များကိုပါ ခေါ်ယူထားသည်ဟု မြို့ခံများက ဆိုသည်။ ကျောက်ဆည်မြို့ဘက်မှ ဝင်ရောက်နိုင်သည့် ပြင်စာရွာမလမ်း၊ အနီးစခန်းရွာလမ်း ၊ […]