သီတဂူဆရာတော်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူးပေါင်းပြီး ဘုန်းကြီး ရှစ်သောင်းကို စစ်မှုထမ်းရမယ်လို့ ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ “သီတဂူနဲ့ မင်းအောင်လှိုင် ပူးပေါင်း ယုတ်မာပြီ ဘုန်းကြီး (၈)သောင်းကို စစ်မှုထမ်း ဖို့ အခုပဲ ကြေငြာလို့ ပွတ်လောရိုက်ကုန်ပြီ”(မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသား […]
(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၂၄ ( ၁ ) ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် အသံရော ရုပ်လက္ခဏာပါ ထူးခြားကောင်းမွန်သော ပုဂ္ဂိုလ်နှစ်ဦးပေါ်ထွက်ထွက်ခဲ့သည်ဟု ဆို၏။ သူတို့ကား မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့တည်း။ ဗန်းမော်ဆရာတော်သည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကွမ်းညှပ်စင်ရွာသား၊ ငယ်အမည် မောင်ဖြူဝင်း၊ ကြာသပတေးသား။ မောင်ဖြူဝင်း အမည်ပေးထားသော်လည်း အသားလည်း မဖြူ၊ ဝင်းလည်း မဝင်း၊ အသားမည်းမည်း၊ ဗိုက်ခေါက်ရွှဲရွှဲ၊ ဦးပြည်းပြောင်ပြောင်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ အသံအောကြီးနှင့် ဖြစ်သည်။ အမရပူရမြို့တည် ဘိုးတော်ဘုရားမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ဗန်းမော်မြို့ကို အပိုင်စားရသည့် ဝေသာလီမင်းသမီး ဥပေါတရာက ဗန်းမော်ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းပြီး ထိုကျောင်းထိုင် ဖြစ်သောကြောင့် ဗန်းမော်ဆရာတော် အမည်တွင်လာခြင်းဟု ဆိုကြသည်။ ဗန်းမော်ဆရာတော်သည် ဥပဓိရုပ်အလွန်ထူးခြားပြီး လွန်စွာကြံ့ခိုင်ခံ့ညားသူ၊ အသံတော်မှာလည်းနက်ကျယ်ပြတ်သားသည်။ ရူပလက္ခဏာနှင့် […]