ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။ လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။ အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ သေဆုံးသူသည် ကမ္ဘောဒီးယား နှင့် ပြင်သစ် နှစ်နိုင်ငံ ၏ နိုင်ငံသားခံယူထားသူဖြစ်ပြီး သူ၏ ပြင်သစ်ဇနီးသည် ကမ္ဘောဒီးယားလူမျိုးဦးလေးတို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ယိမှ ဘတ်စ်ကားဖြင့် ဘန်ကောက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး မကြာမီမှာပင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ ဆိုင်ကယ်စီးလာသော ပြစ်မှုကျူးလွန်သူသည် အခင်းဖြစ်နေရာတွင် ဆိုင်ကယ်ကိုရပ်ကာ ဆင်းလာပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ […]
ပုံစာ – ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီမှ အမတ်တဦးဖြစ်သည့် လင်ကင်ယာအား အောက်တိုဘာ ၁၇ရက်၊ ၂၀၁၇ ခုနှစ်က မေးမြန်းခန်းတခုတွင် တွေ့ရစဉ်။ Khaosod English ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ အတိုက်အခံတဦးဖြစ်သည့် လွှတ်တော်အမတ်ဟောင်း အသက် ၇၄ နှစ်အရွယ် လင်ကင်ယာသည် ဘန်ကောက်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ၎င်းသည် ဟွန်ဆန်၏ အတိုက်အခံတဦးဖြစ်ပြီး၊ ယခုအခါ ဖျက်သိမ်းခံလိုက်ရပြီဖြစ်သည့် ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီမှ အမတ်တဦးဖြစ်ခဲ့သည်။ လင်ကင်ယာသည် ဇန်နဝါရီလ ၇ ရက်၊ ညနေ ၆ နာရီခန့်တွင် ပရာနက်ခွန်ခရိုင်ရှိ ဝက်ဘိုဝန်နီတက် ဝိဟာရ ဘုရားကျောင်းအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ လင်ကင်ယာက အနက်ရောင် ပိုလိုရှပ်အင်္ကျီနှင့် အသားရောင်ဘောင်းဘီတို ဝတ်ဆင်ထားပြီး၊ ညာဘက်နံရိုးတွင် တချက်နှင့် ညာဘက်ပခုံးတွင် တချက် သေနတ်ဒဏ်ရာ […]