ylliX - Online Advertising Network

ရေထွက်ကျောက်ခေါင်း(လင်းဝေး) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ သတ်မှတ်ခြင်း | Ministry Of Information

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ပြဋ္ဌာန်းသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၄၇၅ ဧကရှိသောနယ်မြေကို “ရေထွက်ကျောက်ခေါင်း (လင်းဝေး)ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ” အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၉၃/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၈)ရက် (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ထုံးကျောက်တောင်များတွင် ကျက်စားသည့် ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် ယင်းတို့၏ ထုံးကျောက်တောင် ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ သိပ္ပံဆိုင်ရာသုတေသနလုပ်ငန်းများကို အထောက်အကူပြုစေရန်၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် ပန်းလောင်နှင့် […]