လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ်၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံပညာဌာနတွင်ဖွင့်လှစ်မည့်ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာမှတဆင့် ခေါ်ယူထားသည်။ ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ်(၂၁) လျှောက်ထားရန်အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး 2 Semester + Project 1 Semester (စုစုပေါင်း Semester ၃ ခု) တတ်ရောက်ရမည်ဖြစ်ကာ Semester တစ်ခုလျှင် တစ်သိန်းကျပ် (၁၀၀၀၀၀/-)သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ သင်တန်းကို နေ့စဉ် တနင်္လာမှ သောကြာနေ့အထိ နံနက် (၇)နာရီမှ (၉) နာရီအထိ တတ်ရောက်ရမည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁၀၀ သတ်မှတ်ထားသည်။ အခန်းအမှတ် -U 203၊ ULB ကွန်ပျူတာ သိပ္ပံပညာဌာန၊ ရန်ကုန်တက္ကသိုလ်သို့ ဇန်နဝါရီလ […]