ylliX - Online Advertising Network

ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများခေါ်ယူ


လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ်၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံပညာဌာနတွင်ဖွင့်လှစ်မည့်ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာမှတဆင့် ခေါ်ယူထားသည်။

ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ်(၂၁) လျှောက်ထားရန်အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး 2 Semester + Project 1 Semester (စုစုပေါင်း Semester ၃ ခု) တတ်ရောက်ရမည်ဖြစ်ကာ Semester တစ်ခုလျှင် တစ်သိန်းကျပ် (၁၀၀၀၀၀/-)သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ သင်တန်းကို နေ့စဉ် တနင်္လာမှ သောကြာ‌နေ့အထိ နံနက် (၇)နာရီမှ (၉) နာရီအထိ တတ်ရောက်ရမည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁၀၀ သတ်မှတ်ထားသည်။

အခန်းအမှတ် -U 203၊ ULB ကွန်ပျူတာ သိပ္ပံပညာဌာန၊ ရန်ကုန်တက္ကသိုလ်သို့ ဇန်နဝါရီလ (၁၀) ရက်မှ (၁၇) ရက်အထိ သင်တန်းလျှောက်လွှာလက်ခံမည်ဖြစ်ပြီး ဇန်နဝါရီ (၂၀) ရက်တွင် သင်တန်းစတင်ဖွင့်မည်ဖြစ်ကြောင်း ၊ သင်တန်းပြီးဆုံးပါက ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာဘွဲ့ (Post-Graduate Diploma in Computer Science-PDCS)ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ရန်ကုန် တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံပညာဌာန (ဖုန်း-၀၉-၅၀၀၇၂၁) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *