တင်တင်မာ(ဒဂုန်) – ကျွန်တော်နှင့် သိကျွမ်းခဲ့သော အမျိုးသမီးကြီး (ဝါ) ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်ကြောင်း (မိုးမခ) ဇန်နဝါရီ ၂၀ ၊ ၂၀၂၅ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေမှာ ဇာတ်လိုက်မင်းသားတွေ ရှိခဲ့ကြပါတယ်။ သို့ပေမဲ့ သူတို့များဟာ ဘေးအန္တရာယ်များကို ရင်ဆိုင်ဝံ့လောက်အောင် သတ္တိနှင့် ပြည့်စုံလှတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ပြဇာတ်တွေမှာ သူတို့ရဲ့ ပြိုလဲပျက်စီးသွားတာတွေကို မျက်ဝါးထင်ထင် မြင်အောင် ချလိုက်သလိုပါပဲ။ စင်စစ်မှာတော့ သူတို့ဟာကို သူတို့ကိုယ်သူတို့ ဖျက်ဆီးပစ်လိုက်တာပါပဲ။ ဘာကြောင့် ဒီလိုဆိုရသလဲ ဆိုတော့ ဇာတ်ကောင်တွေရဲ့ ပင်ကိုသဘာဝတွေမှာပင် ပျက်စီးခြင်းလမ်းကို တာစူနေတာ သဘောတွေ ပါရှိနေလို့ပါပဲ။ ဒါဟာလည်း ရှောင်လွှဲလို့လည်း ရမှာမဟုတ်သလို၊ ခုခံတားဆီးလို့လည်း ရမှာလည်း မဟုတ်ပါဘူး။ ထွက်ပေါ်လာမယ့် အကျိုးရလဒ်ဟာလည်း ဘယ်ပုံဘယ်ပုံနည်းနဲ့မှ တားဆီးလို့ရမည် မဟုတ်။ ဒါ့ကြောင့်လည်း ဒါဟာ စိတ်မချမ်းမြေ့စရာ ဒုက္ခလို့ ခေါ်ဝေါ်ကြတာပါပဲ။ ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ညွှန်းနေတယ်လို့ […]