ကိုအောင်မှိုင်း – ရန်သူကို အနိုင်တိုက်ဖို့ မိတ်ဆွေလိုတယ် (မိုးမခ) ဇန်နဝါရီ ၁၆ ၊ ၂၀၂၅ ကျနော် အမြဲသိခဲ့တာကတော့ ကျနော်တို့ မိတ်ဆွေအများကြီး လိုတယ် ဆိုတာပါပဲ။ ဟိုဆေးရာမို့ဟော်တာ နိုဘယ်ဆုရှင်၊ ၁၉၉၆။ တော်လှန်ရေးကာလမှာ မိတ်ဆွေ ဆိုတာ ဘယ်သူတွေလဲလို့ မေးရင် “ပြည်သူလူထု” လို့ ဖြေရမယ် ထင်ပါတယ်။ ပြည်သူလူထုဟာ ကျနော်တို့ မိတ်ဆွေကောင်းတွေ ဖြစ်သလို ပြည်သူလူထုဟာ တော်လှန်ရေးရဲ့ ကောင်းမွေ ဆိုးမွေကို အဓိက ခံစားကြရသူတွေလို့လည်း ပြောလိုပါတယ်။ ကျနော် ဆိုလိုချင်တာက “လူထုအသံဟာ တော်လှန်ရေးရဲ့ အလံ” ဖြစ်ဖို့လိုပါတယ်။ တချို့လည်း တော်လှန်ရေးကို စစ်ရေးသက်သက်အမြင်နဲ့ ချဥ်းကပ်လေ့ရှိပါတယ်။ ဒါဟာ အလွန်မှားတဲ့ အတွေးအခေါ် အမြင် […]