မော်လမြိုင်, ဒီဇင်ဘာ ၁၈ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏ ရော်ဘာစိုက်ပျိုးဧက (၅) သိန်းကျော်တွင် အစေးခြစ် ဧကမှာ (၃)သိန်းကျော်ရှိပြီး ရော်ဘာစိုက်ဧရိယာ၏ (၉၀)ရာခိုင်နှုန်းမှာ လုပ်ကွက်ငယ် ခြံငယ်ရှင်များဖြစ်ပြီး ခြံလတ်၊ ခြံကြီး နှင့် ကုမ္ပဏီစိုက်ခင်းများအနေဖြင့် (၁၀%)အောက် စိုက်ပျိုးထားကြောင်း၊ မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်လာစေရေးအတွက် အထွက်နှုန်းနှင့် အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်အပြင် တန်ဖိုးမြှင့်ထုတ်ကုန်များ […]
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၄)ရက်နေ့ (၂၂းဝ၀) နာရီအချိန်၌ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၌ မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၅)ဦးတို့ အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀၀/-)ကျပ်အားလည်းကောင်း၊ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တန်ဖိုးငွေ (၁၀၇၆၇၈/-)ကျပ်အားလည်းကောင်း၊ (၉-၁၂-၂၀၂၄)ရက်နေ့ (၁၁:၀၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_dec_2024 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link
မော်လမြိုင်၊ နိုဝင်ဘာ ၂၃ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ (ပြည်နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မျိုးဆက်သစ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေခြင်းးအားဖြင့် ကျောင်းသူ၊ ကျောင်းသားလေးများ သင်ယူမှု၊ နားလည်မှုအား တိုးတက်စေခြင်း၊ ပြိုင်ဆိုင်လိုစိတ်များ ဖွံ့ဖြိုးစေခြင်းတို့အပြင်၊ အရည်အချင်းများ အသိပညာများ ပိုမိုတိုးတက်ကာ နိုင်ငံတကာနှင့် ဝင်ဆံ့ရင်ဘောင်တန်းနိုင်မည် ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက် နေတဲ့ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး ထူးချွန်ထက်မြက်သည့် […]
မော်လမြိုင်၊ နိုဝင်ဘာ ၁၄ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်သည်။ ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပြီးနိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားတိုင်းဥပဒေကို မဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် တာဝန်ရှိကြောင်း၊ ဥပဒေကို နိုင်ငံသားတိုင်းက သိရှိနားလည်ရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ […]