မိုးမခ၊ ဇန်နဝါရီ ၂၊ ၂၀၂၅ မြန်မာနဲ့ ကမ္ဘာတဝန်း တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေနဲ့ နှစ်သစ်ကို စတင် ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကမ္ဘာတဝန်းမှာ ဖျက်အားပြင်းတဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်မှု၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင် လူအုပ်ကြီးထဲကို ကားနဲ့ ဝင်ရောက်ပြီး လူသေဆုံးမှုများနိုင်သမျှ များအောင် လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြသလိုပဲ မြန်မာနိုင်ငံမှာလည်း ဒုက္ခသည်စခန်းတွေကို ဗုံးကြဲတာ၊ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းတိုက်ပွဲတွေ၊ ဖမ်းဆီး သတ်ဖြတ်မှု၊ အတင်းဓမ္မ စစ်သားစုဆောင်းမှုတွေနဲ့ စတင်ခဲ့တာ တွေ့ရပါတယ်။ ဥရောပတိုက်မှာ ၃ နှစ်နီးပါး ကြာမြင့်လာတဲ့ ယူကရိန်း-ရုရှား စစ်ပွဲမှာလည်း နှစ်သစ်ကူး အချိန်အခါမှာ တဖက်နဲ့တဖက် ဒုံးကျည်၊ ဒရုန်းလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး ၁ နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဟားမားစ် […]
မြန်မာ အပါအဝင် ကမ္ဘာတဝန်း စစ်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး အားထုတ် ကြိုးပမ်းနိုင်ဖို့ ဆုတောင်းပါကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ မိန့်ကြားသွားခဲ့ပါတယ်။ ယူကရိန်း၊ ဂါဇာ၊ အစ္စရေး၊ မြန်မာ နဲ့ စစ်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ ပြည်သူတွေ အတွက် မမေ့မလျော့ သူ ဆုတောင်းပေးနေကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။ ပဋိပက္ခ ဒေသတွေမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့ ဝိုင်းဝန်း ကြိုးပမ်းနေသူတွေကိုလည်း ကျေးဇူးတင်ကြောင်း နဲ့ စစ်ပွဲတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတဲ့ အဖြေ ရတဲ့အထိ အခိုင်အမာ အားစိုက် လုပ်ဆောင်သွားနိုင်ကြလို့မယ်လို့ မျှော်လင့်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ တချိန်တည်းမှာလည်း ချမ်းသာတဲ့နိုင်ငံတွေက […]
မိုးမခ၊ ဒီဇင်ဘာ ၃၊ ၂၀၂၄ မြန်မာနဲ့ ထိုင်းနိုင်ငံအကြားက ငါးဖမ်းလှေ ပစ်ခတ်ခံရတဲ့ ပြဿနာ နိုဝင်ဘာ ၂၇ ရက်နေ့က ထိုင်းငါးဖမ်းလှေကို မြန်မာရေတပ် သင်္ဘောက ပစ်ခတ်ပြီး ငါးဖမ်းလှေပါ ရေလုပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး ၅ ရက်ဝန်းကျင် ကြာမြင့်လာတဲ့တိုင် ဖမ်းဆီးထားတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသား ရေလုပ်သားတွေကို ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ စစ်ကောင်စီက အဖြစ်အပျက်ဖြစ်ပွားပြီးနောက် ပထမဆုံး ထုတ်ဖော်ပြောဆိုရာမှာ ထိုင်းရော မြန်မာရေလုပ်သားတွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းချက်တွေအရ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လက်နက်ခဲယမ်း မဟုတ်တဲ့ သက်သေအထောက်အထား ပစ္စည်းတွေ တွေ့ရှိရတယ်လို့ စစ်ကောင်စီက သတင်းမီဒီယာတွေက ပုံကြီးချဲ့ […]
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ စပြီး ၃ ရက်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ရဲအုပ်နဲ့ ရဲအရာရှိများညီလာခံမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လက်ရှိ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ ကြီးထွားလာတဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို အဓိကထားဆွေးနွေးကြဖို့ ရှိနေပါတယ်။ Source link
ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုအတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာအပါအဝင် ယူကရိန်း ပါလက်စတိုင်း အစ္စရေးနဲ့ တောင်ဆူဒန် နိုင်ငံအတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲကြဖို့နဲ့ အငြင်းပွားမှုတွေကို စေ့စပ်ဖြေရှင်းကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုသွားပါတယ်။ Source link