မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တရားမဝင်အလုပ်သမားများပို့ဆောင်ခဲ့သူ(၈)ဦးကိုဖမ်း ဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတားမှ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက်မွန်းလွဲ ၂ နာရီက မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီ နယ် စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်းက ခေါ်ဆောင်လာသည့် မြန် မာနိုင်ငံသား(၁၁)ဦးထံမှ မြန်မာနိုင်ငံကူးလက် မှတ်အတု(၁၁)အုပ်ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားသည့် One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ နွယ်နီလှိုင်မင်း ၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်)ဗလတို့က တစ်ဦးလျှင်ဝန်ဆောင်ခအဖြစ် ငွေကျပ်သိန်း(၈၀)စီ၊ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ စုမြတ်(ခေါ်)စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ငွေကျပ်သိန်း(၇၀)စီရယူ၍ မြန်မာ နိုင်ငံကူးလက်မှတ်အတုများပြုလုပ်ပေးကာ မြဝတီမြို့မှထိုင်းနိုင်ငံသို့ပို့ဆောင်ပြီး […]