ylliX - Online Advertising Network

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ပူးပေါင်း၍ ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာဆေးဝါးများ၊ မျက်စဉ်းဆေးများ ပူးပေါင်းထုတ်လုပ်နိုင်ရေး ဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ ၁၀ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Denis BAKEI ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ပူးပေါင်း၍ ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာဆေးဝါးများ၊ မျက်စဉ်းဆေးများ ပူးပေါင်းထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကြွေထည်ပစ္စည်းထုတ်လုပ်ခြင်း၊ ရော်ဘာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှု ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သင်တန်းများစေလွှတ်ရေးနှင့် လေ့ကျင့်သင်ကြား ပေးရေးကိစ္စရပ်များနှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ တွေ့ဆုံပွဲ စက်မှုဝန်ကြီးဌာနမှ […]

မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်နိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu အား ဒီဇင်ဘာ (၄) ရက်က ချုံချင့်မြို့၊ စီးပွားရေးရာကော်မရှင်ရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ချုံချင့်မြူနီစီပယ်မြို့အစိုးရ စီးပွားရောရာကော်မရှင်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ Source link

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှုတိုးမြှင့်ရန်ဆန္ဒရှိဟု တရုတ်သံမှူးပြော

စတုတ္တသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂ ရက်က ကျင်းပစဉ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှုကိုတိုးမြှင့်၍ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာအကျိုးပြုရန်ဆန္ဒရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူး Dr. Zheng Zhihong က ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ကြောင့် မီဒီယာများအနေဖြင့် တရုတ်-မြန်မာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသတင်းများကိုတင်ဆက်ခြင်းဖြင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ခိုင်မာအားကောင်းလာစေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်သံမှူးမှ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှုဘက်စုံနက်ရှိုင်းစေရေး အစီအမံများကိုလည်း ထည့်သွင်းပြောကြားသည်။ အလားတူ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုသည် ဒေသတွင်းကိုဦးစားပေးထောက်ပံ့ပြီး အကျိုးဖြစ်ထွန်းစေကြောင်းတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ Source link