ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်အသိပေးထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်မှစတင်ကာ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ကိစ္စရပ်များနှင့် ပတ်သက်၍ လူကိုယ်တိုင်သွားပြီး ကြိုတင်ရက်ချိန်းယူသည့် စနစ်အစား Online Appointment စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့သည်။ ယခုအခါ လက်ရှိဆောင်ရွက်နေသည့် Online Appointment စနစ် အသုံးပြုခဲ့ချိန်တွင် ကြုံတွေ့ခဲ့သည့် အခက်အခဲနှင့် အတွေ့အကြုံများကို အခြေခံကာ ကောင်စစ်ဆိုင်ရာကိစ္စများ ယခုထက် ပိုမိုလွယ်ကူလျင်မြန် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်ရေးအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကြိုတင်ရက်ချိန်းယူမည့်သူများအနေဖြင့် လက်ရှိအသုံးပြုနေသည့် Online […]
#Local_NewsPublished 4 December 2024 ▪️ မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသည့် စင်ကာပူနိုင်ငံရောက်PV အမျိုးအစားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများကို PJ အမျိုးအစားနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲပေးမည်ဟု စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။ ▪️ ထိုသို့ပြောင်းလဲထုတ်ပေးရာတွင် စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး ဝင်ငွေခွန် ပေးဆောင်ကြသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသည့် အခြေအနေအရ PV အမျိုးအစားမှ PJ အမျိုးအစားနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊PV အမျိုးအစား နိုင်ငံကူးလက်မှတ်နှင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ နေထိုင်ခွင့်ကတ် ကိုင်ဆောင်ကြသည့် မြန်မာနိုင်ငံသားများမှာ ဝင်ငွေခွန်ပေးဆောင်ပြီး မှတ်တမ်းများနှင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ဝင်ရောက်အပြီး စင်ကာပူနိုင်ငံသို့ ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်းကောင်း၊ OWIC ကတ်ပြုလုပ်ရာတွင်လည်းကောင်း အဆင်မပြေမှုများနှင့် ကြုံတွေ့ရကြောင်း၊ စင်ကာပူရှိ မြန်မာသံရုံးမှ ကူညီမှုပြုရေး ဆက်သွယ်ပြောကြားမှုများရှိနေကြောင်း […]