ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် OPPO A3 Series တွေထဲကမှ ယခင်ထွက်ရှိထားပြီးသား OPPO A3 နဲ့ Chipset တူညီသလို မာကြောမှု ၊ အကြမ်းခံမှုတွေပါ တူညီပြီး ဈေးနှုန်းအနေနဲ့ ပိုမိုသက်သာတဲ့ OPPO A3x (4+128) ဗားရှင်းအသစ် ကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ၅၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ OPPO A3x ကို Nebula Red နဲ့ Ocean Blue ဆိုပြီး အရောင် နှစ်မျိုး ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး OPPO A3 နဲ့ Chipset တူညီတာကြောင့် နေ့စဉ် ဖုန်းအသုံးပြုမှုတွေမှာလဲ အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။ Image: OPPO ဈေးနှုန်းတူ ဖုန်းများအကြား အမာကြောဆုံး ဖြစ်တဲ့အပြင် Multiple Liquid Resistance ပါဝင်လာတဲ့ OPPO A3x ဈေးနှုန်းတူဝန်းကျင် စမတ်ဖုန်းများအကြား မာကြောမှုဒဏ်တွေကို စမ်းသပ်တဲ့ Military-Grade Shock Resistance စမ်းသပ်မှုကို အောင်မြင်ခဲ့တာကြောင့် MIL-STD 810H Certification ကို ရရှိထားရုံသာမက အခြားသော အကြမ်းခံမှုတွေအတွက် SGS Premium Certification ကိုပါ ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား OPPO A3x က ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါတင်သာမက Multiple Liquid […]
လက်ရှိ မြန်မာနိုင်ငံအတွင်း လူလေးဦးမှာ တစ်ဦးက စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး စုစုပေါင်း ၁၃.၃ သန်းရှိကြောင်း ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ခဲ့သည့် EU နှင့် WFP ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စားနပ်ရိက္ခာ ခက်ခဲနေသည့် ၁၃.၃ သန်းထဲက ၂ ဒသမ ၇ သန်းမှာ စားနပ်ရိက္ခာအခက်အခဲကို အရေးပေါ်ရင်ဆိုင်နေရသည်ဟု EU နှင့် WFP က ဆိုသည်။ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က “မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကိုစိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အရပ်သားပြည်သူတွေအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေကြရရှာပါတယ်။ […]