နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က နိုဝင်ဘာလ (၁၁) ရက်တွင် ၎င်း၏ ဝက်ဘ်ဆိုက်မှတဆင့် ကြေညာထားသည်။ မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်တည်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလ အတွင်း ခူးဆွတ်လေ့ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ သို့သော် တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆)ရက်တွင် […]