အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ နယ်စပ်မှာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်ပေါက်နေရာကို ထိုင်းနိုင်ငံဘက်က သံဆူးကြိုးအကာအရံတွေနဲ့ ပိတ်ပင်တားဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။ ဘုရားသုံးဆူမြို့က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်ပေါက်နေရာကို ထိုင်းနိုင်ငံဘက်က သံဆူးကြိုတွေနဲ့ ခုရက်ပိုင်းအတွင်း ပြန်ကာလိုက်တာပါ၊ ဒါပေမဲ့ အသွားအလာတော့ ပုံမှန်ဆက်ရှိနေတဲ့အကြောင်း လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ မြို့ခံတဦးက ခုလို ပြောပါတယ်။ “ခါတိုင်းလိုဘဲ ပုံမှန်ပေါ့ ထိုင်းနိုင်ငံနယ်စပ်တလျှောက် အကုန်လုံးပြန်ကာတာပေ့ါ အဲ့ပုံစံမျိုး။ ကျနော်တို့ ဒီ ၂၀၁၉ ကိုဗစ်ဖြစ်ကတည်းက […]
ထိုင်းမြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ရက်တွေက ပျောက်ဆုံးသွားတဲ့ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ကို ရှာဖွေတွေ့ရှိသွားပါပြီ။ မြဝတီခရိုင် နယ်ခြားစောင့်တပ် BGF နယ်မြေမှာတွေ့ရပြီး ထိုင်းကိုခေါ်ဆောင်လာပြီလို့လည်း ထိုင်းရဲတပ်ဖွဲ့က ရဲချုပ် Thatchai Pitaneelabut ကသတင်းထောက်တွေကိုပြောပါတယ်။ Source link