ylliX - Online Advertising Network

ရွေးကောက်ပွဲထက် အပစ်ရပ်ရန် ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ပြောဆိုခြင်းသည် မြန်မာ့ပြည်တွင်း အခြေအနေမှန်ကို သေချာမသိခြင်းဖြစ် –

ရွေးကောက်ပွဲထက် အပစ်ရပ်ရန် ဦးစားပေးဆောင်ရွက်သင့်ကြောင်းပြောဆိုခြင်းသည် မြန်မာ့ပြည်တွင်းအခြေ အနေမှန်ကို သေချာမသိခြင်းကြောင့် ပြောဆိုခြင်းသာဖြစ်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောဆိုလိုက်ပါတယ် ။ မြန်မာမှာ ရွေးကောက်ပွဲကျင်းပရေးထက် ပစ်ခတ်တိုက်ခိုက်မှုများရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူး ကိုယ်စားလှယ်အသစ် မစ္စတာတန်ဆရီအော်မန်ဟာရှင်းမ်က ဇန်နဝါရီ ၁၉ ရက်တွင် မလေးရှားနိုင်ငံ၊ လန်ကာဝီ ကျွန်း၌ ပြုလုပ်သော အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ် ။ ထိုသိုပြောကြားခြင်းသည် ပြည်ပနိုင်ငံများက မြန်မာ့ပြည်တွင်းရေးအခြေအနေကို သေချာစွာမသိပဲ ပြောဆို သုံးသပ်ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ဆိုပါတယ် ။ Source link

လျှပ်စစ် စက်ခေါင်းနှင့် တွဲဆိုင်းများ မြန်မာပြည်တွင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိ

အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးကို မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးကို ပြည်တွင်း၌ပင် ထုတ်လုပ်တည်ဆောက်နိုင်ရေးနှင့် သုတေသနပြုနည်းပညာများမှတစ်ဆင့် တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာစီးနင်းပြီး ရထားလမ်းပိုင်းများနှင့်ဘူတာများ သန့်ရှင်းသပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက် […]