ylliX - Online Advertising Network

ဗိုလ်မှူးချုပ်သူရိန်ထွန်း (သို့မဟုတ်) AA ဖမ်းမိသည့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်

မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်တပ် AA ၏စစ်သုံ့ပန်းအဖြစ် ဖမ်းခံလိုက်ရပြီဖြစ်သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နယ်စပ်တလျှောက် စစ်ဆင်ရေးများကို ကြီးကြပ်ရသူဖြစ်သည်။ ဒေသတွင်းတွင် သူ၏သြဇာမှာ စစ်ကောင်စီခန့် အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ၏ အထက်တွင် ရှိပြီး ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်ကို ပေါင်းပြီးဖွဲ့ထားသည့် မောင်တောခရိုင်တွင် အဆင့်အမြင့်ဆုံးသော စစ်ကောင်စီအရာရှိဟုလည်း ဆိုနိုင်သည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား(၂၀၂၃) ဘောလုံးပြိုင်ပွဲတွင်တွေ့ရသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်း (ဓာတ်ပုံ – စစ်ကောင်စီ) အာရက္ခတပ်တော် AA ၏ထိုးစစ်ကို လပေါင်းများစွာရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ဘက်နှင့်အရပ်ဘက် အမှုထမ်းများ မောင်တောခရိုင်အတွင်းမှ ထွက်ခွာသွားချိန်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ-၅ ဟုခေါ်သည့် […]