အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women’s Futsal Asain Cup 2025 China (Qualifiers)ပွဲ၏ အုပ်စု(D)ပွဲစဥ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လည် ၁ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းတွေရဖို့ကြိုးစားပါမယ်။ ဒီပွဲအတွက် ကြို တင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားသလို ပြိုင်ပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ”ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ ထို့ပြင် အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲစဥ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကာ အုပ်စု(D)တွင် ဗီယက်နမ်အသင်းသည် အ တောင့်တင်းဆုံးအသင်းဖြစ်ပြီး ၎င်းတို့နှင့်နောက်ဆုံးတွေ့ဆုံချိန်က အရေးနိမ့်ထားသဖြင့် ယင်း ပွဲစဥ်အား ပြန်လည်သုံးသပ်မှုများပြုလုပ်ကာ မနက်ဖြန်အတွက် ပြင်ဆင်ထားသဖြင့် အနိမ့်ဆုံး သရေ(၁)မှတ်(သို့)နိုင်ပွဲတစ်ခုခုရရှိရန် တစ်သင်းလုံးကြိုးစားသွားမည်ဟုလည်း […]
အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိကျင်းပခဲ့သည့် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့ပြန်လည်ရောက်ရှိလာခဲ့သည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက် ၉ နာရီ ၁၅ မိနစ်က ရန်ကုန်လေဆိပ်သို့ရောက်ရှိခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ မိသားစုဝင်များမှကြိုဆိုခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့သည် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲ၏ Ying Yang sword form female ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု၊ Four Element staff form male ပြိုင်ပွဲ၌ […]
၂၀၂၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အိမ်ရှင်အသင်းနှင့်သရေကျခဲ့သော်လည်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနှင့် ဗီယက်နမ် အမျိုးသမီးဖူဆယ်အသင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ ၂ နာရီခွဲက ဖီလစ်ပိုင်နိုင်ငံရှိ Philsports Arena ၌ယှဥ်ပြိုင်က စားခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ပထမပိုင်းပွဲပြီး ဆုံးချိန်၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအ သင်းက ဗီယက်နမ်အသင်းအား ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းပွဲက စားချိန်တွင် ဗီယက်နမ်အသင်း၏ ချေပဂိုးနှင့်အ နိုင်ဂိုးများသွင်းယူခြင်းခံခဲ့ရသဖြင့် ပွဲပြီးဆုံးချိန်တွင် ၅ ဂိုး ၂ ဂိုးရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ရသည်။ ” ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတွေက အသင်းကောင်းတွေဖြစ်လို့ ပွဲတိုင်းခက်ခဲမှာဖြစ်ပါတယ်”ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ဦးဌေးမြင့်က ပြိုင်ပွဲအ ကြိုပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားထားသည်။ […]