ylliX - Online Advertising Network

ထိုင်းတွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ ယနေ့စတင်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းကစလို စစ်ရေး ၊ နိုင်ငံရေးအပါအဝင် အထွေထွေအကြပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် မြန်မာ့အရေး အဖြေရှာဖို ဆွေးနွေးကြမယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက် နံနက်ပိုင်းမှာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြိုမှာ စတင်နေပါတယ်။ ဒီဆွေးနွေးပွဲကို လတ်တလော အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနဲ့ အိမ်ရှင် ထိုင်းနိုင်ငံက ကမကထလုပ် စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မှာဖြစ်ပါတယ်။ ဒီဇင်ဘာ (၁၉) ရက်နဲ့ (၂၀) ရက် (၂) ရက်တာ ကျင်းပမယ့် အဲဒီမြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုန်လည်း တက်ရောက်မယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ အိန္ဒိယ၊ […]

အာဆီယံဝန်ကြီးအဆင့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းမှာပြုလုပ်မည် – Western News

အာဆီယံဝန်ကြီးအဆင့် မြန်မာ့အရေးဆွေးနွေးပွဲကို ယခုလအတွင်း ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ပြောသည်။ အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဖိတ်ကြားမှုဖြင့် ဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး အဓိက မြန်မာစစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် အကောင်အထည်ဖော် ဖြေရှင်းရေးကို ဦးတည် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၉ ရက်နေ့ လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော အကျပ်အတည်းပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရေးနှင့် နိုင်ငံရေးအရ အဖြေရှာရန်အတွက် ထိုင်းအစိုးရက ကမကထပြုသည့် မြန်မာ့ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလတွင် ကျင်းပရန် အဆိုပြုခဲ့ပြီးနောက် အဆိုပါ အစည်းအဝေး ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။ မြန်မာ့အရေးကို ဖြေရှင်းရာတွင် အားလုံးပါဝင်ပြီး […]

UN Plaza တွင်ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ Mr. Tom Andrews ၊NUG ဝန်ကြီးများနှင့် သံအမတ်ကြီးတက်ရောက်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ United Nations Plaza တွင် “United Nations Day of Action for Myanmar/Burma” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကို အောက်တိုဘာ ၃၁ ရက်နေ့တွင် Burma Advocacy Groupက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲကို ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် ကုလသမဂ္ဂဆိုင်ရာ […]