ylliX - Online Advertising Network

အင်းလေးတောင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ်နေကြောင်း တောင်သူများက ပြောဆိုသည်။ အင်းလေးတောင်သူများသည် ယခင်(၂၀၂၃)ခုနှစ် မှ ငရုပ်ပွစိုက်ပျိုးရာ အမြတ် ကျပ်(သိန်း၅၀) မျှရရှိသော်လည်း ယခုနှစ်များတွင် မျိုးစေ့ မဖြစ်ထွန်းမှုနှင့်အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရသည့်အပြင် အရှုံးဖြင့် ရင်ဆိုင်နေရသည်ဟု တောင်သူအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စိုက်ပျိုးမြေများသည် ဓာတ်မြေဩဇာအလွန်ကျွံ သုံးစွဲမှုကြောင့် မြေဆီလွှာပျက်စီးပြီး မျိုးစေ့များ အတုထုတ်လုပ်ရောင်းချလာမှုကြောင့် အပင်မဖြစ်ထွန်းလာတော့ကြောင်း တောင်သူအမျိုးသမီးက ပြောသည်။ “အရင်က ဆို ငရုပ်ပွစိုက်တာ ကျပ်(သိန်း ၅၀) လောက်မြတ်တယ်။ အခုက အပင်မပေါက်တော့ အကုန်ရှုံးသွားတယ်။ အရင်က မြေဩဇာတွေ အများကြီး သုံးထားတော့ မြေကြီးက ပျက်ပြီထင်တယ်။ဒီနှစ်တော့ သဘာဝမြေဩဇာပဲ သုံးထားတာ။ မျိုးစေ့တွေကလည်း အတုထုတ်ထားတဲ့ဟာ […]