ကရင်နီ(ကယား)ပြည်၊ မိုးဗြဲမြို့၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင့်မဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၈ ရက် ညနေ ၃ နာရီအချိန်တွင် ကရင်နီ(ကယား)ပြည်၊ မိုးဗြဲမြို့နယ်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှပစ်ခတ်လိုက်သော လက်နက်ကြီး (၄) လုံးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်နေသော ဒေါစဲ၊ ရေကန်ရွာသားများ ထိမှန်သေဆုံးခဲ့ကြောင်း Jobs for Kayah မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “တိုက်ပွဲမရှိဘဲ၊ ရေဘေးနဲ့ စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေ ရှိနေတဲ့ ကျေးရွာကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးပစ်တာကြောင့် အပြစ်မဲ့တဲ့ပြည်သူတွေ […]