အီတလီနိုင်ငံ အခြေစိုက် နည်းပညာနဲ့ ကာကွယ်ရေး ခေတ်မှီထုတ်ကုန် ရောင်းချတဲ့ Leonardo ကုမ္ပဏီက မြန်မာရေတပ်အတွက် လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။သတင်းမီဒီယာတချို့နဲ့ ကာကွယ်ရေးဆိုင်ရာ ဂျာနယ်တွေဖြစ်တဲ့ Il Manifesto၊ Asian Defence Journal နဲ့ James စာစောင်တွေမှာ ရေးသားနေတဲ့ မြန်မာရေတပ်အတွက် OTO Melara 76/62 အမြောက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းကို Leonardo ကုမ္ပဏီက ငြင်းဆိုလိုက်တာပါ။ စစ်ကောင်စီအတွက် ခေတ်မှီရေယာဉ်သုံး အော်တိုအမြောက်၊ ဒါမှမဟုတ် လေကြောင်းရန်ကာကွယ်ရေး အမြောက်ခေါ် Melara 76/62 အမြောက်တွေ ရောင်းချခဲ့တယ်ဆိုပြီး စာစောင်တွေနဲ့ သတင်းတွေမှာ စွပ်စွဲ ရေးသားခဲ့တာပါ။Leonardo ကုမ္ပဏီ သဘောတူညီထားတဲ့ လက်နက်ရောင်းချခွင့် လိုင်စင် သဘောတူညီချက်မှာ ကုမ္ပဏီနဲ့ […]