မုံရွာမှာ မနေ့က ဒီဇင်ဘာ ၂၆ ရက်မှာဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲလူသတ်မှုကို မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူး ဦးဆောင်၍ ၁၂နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ ဓားပြတိုက်သူများ၏ သေနတ်နဲ့ပစ်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းရှင် အသက် ၄၀ကျော် အရွယ် မမို့မို့စန်း သေဆုံးခဲ့ပြီး သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။ အဆိုပါ ဓားပြမှုကို ၁၂ နာရီတွင်းမှာပဲ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များက လိုက်လံဖော်ထုတ်ခဲ့တာဖြစ်ပြီး ကျူးလွန်များ၏ ဓါတ်ပုံနှင့်တကွ နောက်ဆက်တွဲအရေးယူမှုများ၊သက်သေခံထွက်ဆိုချက်များကို ပြည်သူများအား တရားဝင် ထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။ “အခုစစ်ကြောရေးဝင်နေပါတယ်။ အကုန်မိပါပြီ၊ ပြစ်မှုထဲမှာပါဝင်တဲ့ ယောက်ျားလေးတွေရော၊ အဲဒီကိစ္စကို ကြိုးကိုင်တဲ့သူတွေရော အကုန်မိထားပါတယ်။ ကျူးလွန်သူတွေထဲမှာ မိန်းကလေးတွေရောပါဝင်ကြောင်း၊ အိမ်ထဲဝင် တိုက်တာက ၆ ယောက်၊ ကြိုးကိုင်တာက ၃ ယောက်ဆိုတော့ […]
မုံရွာမြို့က နဝရတ်ရွှေဆိုင်ကို သိန်း ၁၅၀၀၀ ကျော်ဖိုး ဓားပြတိုက်မှုမှာ ပါဝင်တဲ့ PDF သုံးဦးကို ထပ်မံဖမ်းမိ၊ တရားခံများ ဆက်တိုက်ဖမ်းမိနေသော်လည်း လုယက်ခံရွှေများကို မုံရွာပလဖ ပြန်မပေးသေး – Myanmar Transparency News Source link