စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ထိုင်းငါးဖမ်းစက်လှေမှ ထိုင်းနိုင်ငံသား ၄ ဦးမှာ ထောင်ဒဏ်နှင့် ငွေဒဏ်အသီးသီးချသော်လည်း မကြာမီပြန်လွတ်မည်ဟု သိရကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်) တွင် ဖော်ပြသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် နံနက်တွင် စစ်ကောင်စီရေတပ်က ထိုင်းငှားဖမ်းစက်လှေ ၄ စီးကို ပစ်ခတ်ရာ ထိုင်းတစ်ဦး သေဆုံးပြီးထိုင်း ၄ ဦး၊ မြန်မာ၂၇ ဦးကို ဖမ်းခဲ့ခြင်းဖြစ်သည်။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တရားရုံးက ထိုင်းနိုင်ငံသားစက်လှေပိုင်ရှင်ကို ခွင့်ပြုချက်မရှိဘဲ မြန်မာရေပိုင်နက်တွင် တရားမဝင်ငါးဖမ်းမှု၊ နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေ ၂ သိန်း၊ အခြားထိုင်း ၃ ဦးကို ထောင်ဒဏ် […]