ylliX - Online Advertising Network

ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊အခန်းငှားခ ဈေးအဆမတန်မြင့်တက် – Kachin News Group (KNG)

ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့တွေမှာ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေထိုင်ကြတဲ့အတွက် ဈေးပိုမြင့်တက်လာတာဖြစ်ဝာယ်လို့ မိုးညှင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။ “မိုးညှင်းမှာ စစ်ကိုင်းဖက်က ပြီးတော့ ဖားကန့်၊ဆယ်ဇင်းနဲ့အင်းတော်ကြီးဖက်က စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က သုံးသောင်းတန် ခုရှစ်သောင်း တစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ”လို့ ပြောပါတယ်။ လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေ ပတ်လည် အခန်းတစ်ခန်းလျှင် ကျပ် ရှစ်သောင်းကနေ တစ်သိန်းဝန်းကျင်ရှိပြီး လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။ မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး […]