ylliX - Online Advertising Network

တရုတ်အစိုးရ၏ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်နေမှု သြစတြေးလျရောက် မြန်မာများဆန္ဒပြ – BUR.MIZZIMA.COM

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးထားပါတယ်။ ဒီတစ်ပတ်အစီအစဥ်မှာ ပါဝင်တဲ့ သတင်းတွေမှာ -ပြည်သူတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သတ်လို့ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ပါဝင်ကူညီကြဖို့ IIMM တိုက်တွန်းတဲ့သတင်း… Source link

ဖြူးမြို့နယ်မှ ဟိန္ဒူဘုရား‌ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၇ဦးသေဆုံး၊ ၇ဦး ဒဏ်ရာရ – BUR.MIZZIMA.COM

မြန်မာသတင်း, သတင်း ရွှေနွယ် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများပြားသည့်စစ်ကောင်စီက ဟိန္ဒူဘုရား‌ကျောင်းအားဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ခုနစ်ဦးသေဆုံးပြီး ခုနစ်ဦးထိဒဏ်ရာရရှိခဲ့ကြောင်း ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူကပြောသည်။ ဖြူးမြို့နယ်၊ဇေယျဝတီမြို့အရှေ့ဘက် ကျေးရွာများ၌ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ငါးရက်ဆက် တိုက်ပွဲများဖြစ်ပွားပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးကြောင်း ဖြူးမြို့နယ် ပကဖထံမှ သိရသည်။ ဒီဇင်ဘာ ၃၁ ရက်တွင် စစ်ကောင်စီတပ်က ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက် အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးကျေးရွာရှိ ဟိန္ဒူဘုရား‌ကျောင်းသို့ ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားများထိခိုက်ဒဏ်ရာရရှိခြင်းဟု ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူကပြောသည်။ ၎င်းက “အဲ့ဒီနေရာလေးက တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ အများပြည်သူသွားလာတဲ့နေရာ။ ဘုရားကျောင်းရှိတယ်။ ဟိန္ဒူဘာသာဝင်တွေရှိနေတဲ့နေရာ။ ပထမ […]

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၈ ဒီဇင်ဘာ ၂၀၂၄) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းရှိ ကိုင်းလယ်နယ်မြေရဲစခန်းမှ ရဲတပ်သားနှစ်ဦး လက်နက် များဖြင့် အလင်းဝင်လာကြောင်း Y.R.F.ပကဖ က ထုတ်ပြန်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၏ ရေးရာကော်မတီ (၄) ရပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင် ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ် ဒေသခွဲ၊ တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်း အမှတ် (၂၉)ဗျူဟာ၏ လှုပ်ရှားဆောင်ရွက်နေသည့် စစ်ရေး၊ ထောက်ပို့၊ လှုပ်ရှားမှု မှတ်တမ်းများကို AYA PDF အမှတ် (၂၉)ဗျူဟာ၏ ဖေ့ဘုတ် ပေ့ချ်ကနေ အချိန်နှင့် တပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်း ၃ခုကို ဒရုန်းနှင့် ဗုံးသီး အလုံး(၅၀)၊ Rocket၊(၆၀)မမ လက်နက်ကြီးများဖြင့် […]

ရခိုင်မှာ စစ်ကောင်စီ အနာဂတ်မလှတော့ဘူး (ဆောင်းပါး) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တပတ် အတွင်း စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်မှု အကြိမ် ၄၀ကျော်ပြုလုပ်ခဲ့ဟု အဆိုပါဒေသက အသိပေးသည်။ • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာက၊ တောင်ပိုင်းစစ်ဒေသ၊… Source link

မီးရှို့ဖျက်ဆီးခံရသည့် ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ရွာမှ ဒေသခံများ အကူအညီလိုအပ် – BUR.MIZZIMA.COM

ပုံအညွှန်း – စစ်ကောင်စီတပ်ဖွဲဲ့က မီးရှို့ခဲ့သည့် ကမ္ဘဲ့ကျေးရွာအတွင်းမှ နေအိမ်များကိုတွေ့ ရစဉ်။(ဓါတ်ပုံ – Yesagyo Township Info Committee) MTO မဇ္ဈိမ။ ။မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းစီးနင်းတိုက်ခိုက်ပြီး နေအိမ်များမီးရှို့သွားသည့် ကမ္ဘဲ့ကျေးရွာမှ ဒေသခံများအတွက်စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေးအကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များအားကူညီနေသူများကပြောသည်။ အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း သည် ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၅နာရီဝန်းကျင်အချိန်တွင် ကမ္ဘဲ့ကျေးရွာကို ဝင်ရောက်ပြီးနေအိမ်များကို မီးရှို့ဖျက်စီးသွားခြင်းဟု ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်း ဆောင်ရဲဘော်ဝေကြီးက ပြောသည်။ နေအိမ် ၃၃ လုံးမီးလောင်ခဲ့သလို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ကမ္ဘဲ့ရွာအရှေ့ဘက်ရှိ သမန္တပို့တောရွာမှ ကလေးတဦးနှင့်အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။ ရဲဘော်ဝေကြီးက “ အခုလောလောဆယ်တော့ မီးဘေးသင့်တဲ့ ပြည်သူတွေအတွက် နေဖို့ စားဖို့ကိစ္စတွေ စီစဉ်ပေးထားတယ်။ ကျန်တဲ့ ပြန်လည်ထူထောင်ရေးကိစ္စကတော့ နောက်မှ […]

အတိတ်အရိပ်ဆိုးကို အနိုင်ယူခဲ့တဲ့ တောထဲက ဆေးမှူး – BUR.MIZZIMA.COM

ခယ်မေရှင် ရေးသည် သာမန်ညတွေလိုပဲ မှောင်မိုက်နေတဲ့ ညတညရဲ့ ညဦးအချိန်။ ၂၀၂၃ရဲ့ မိုးတွင်းကာလ ဩဂုတ်လရဲ့ ညတည။ အဲ့ဒီညရဲ့ ထိန့်လန့်ဖွယ် အဖြစ်အပျက်ကို အသက် ၁၉ နှစ်အရွယ်တော်လှန်ရေးရဲဘော်ရာဇာ(အမည်လွှဲ)တယောက် ဘယ်တော့မှမေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။ ရဲဘော်ရာဇာဟာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQ+တဦးဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ သတ္တိရှိရှိပါဝင်နေသူဖြစ်ပါတယ်။ အဲ့ဒီညက ရဲဘော်ရာဇာရှိနေတဲ့ တော်လှန်ရေးနယ်မြေတခုရဲ့ဆေးခန်းလေးမှာ ဘက်ထရီအိုးနဲ့ ချိတ်ထားတဲ့ မီးလုံးငယ်လေးတခုရဲ့ ခပ်မှိန်မှိန်အလင်းသာ ရှိနေချိန်ဖြစ်ပါတယ်။ ဆေးခန်းလေးက တောင်ထန်းဖက် အမိုး၊ အချောမသတ်ထားတဲ့ ပျဉ်တွေခင်းထားတဲ့ ခပ်အုပ်အုပ်အဆောက်အဦလေးပါ။ဒီဆေးခန်းဟာ တော်လှန်ရေးရဲဘော်တွေအတွက် သာမက ဒေသခံ ရွာသားတွေရဲ့ ကျန်းမာရေးအတွက်လည်း အားထားရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဂေဟာဖြစ်ပါတယ်။ အသားဖြူဖြူ၊ပိန်သွယ်သွယ် ခန္တာကိုယ်နဲ့ ရုပ်ရည်ကြည်ကြည်လင်လင်ရှိတဲ့ရာဇာဟာ အဲ့ဒီနေ့ညက ဆေးခန်းရဲ့ ဆေးမှူးနားနေခန်းမှာ ရေချိုးပြီးစ အဝတ်အစားလဲနေပါတယ်။ သူအဝတ်အစားလဲနေစဉ်မှာပဲ အသက် ၂၀ […]

မြန်မာ့နွေဦးတော်လှန်ရေးတွင် ကူညီပေးရန် အမေရိကန်အစိုးရသစ်ထံ တောင်းဆိုရန်သင့်ဟု ဒေါက်တာမီမီဝင်းဘတ် တိုက်တွန်း – BUR.MIZZIMA.COM

မဇ္ဈိမ။ ။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ပျက်သုဥ်းရေးအတွက် ပိုမိုအားကောင်းသည့် ကူညီထောက်ခံ ပံ့ပိုးမှုများရရှိစေရန် အမေရိကန်အစိုးရထံ အားလုံးပူးပေါင်းတောင်းဆိုသင့်သည်ဟု ဒေါက်တာမီမီဝင်းဘတ်က တိုက်တွန်းလိုက်သည်။ ယမန်နေ့ ( နိုဝင်ဘာလ ၉ ရက်) က အမေရိကန်နိုင်ငံ ချီကာကိုမြို့ရှိ Naperville တွင်ပြုလုပ်ခဲ့သည့် မြန်မာလူထုတွေ့ဆုံပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ နိုင်ငံရေး အပေါ် အမြင်မတူသည်များ ဘေးချထားကာ မြန်မာအရေးအတွက် အခွင့်အလမ်းသစ်များရအောင်ကြိုးစားရန် လိုအပ်ကြောင်းလည်း သူကဆိုသည်။နွေဦးတော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်ရေး၊ မြန်မာနိုင်ငံ အပေါ်ထားသည့် တရုတ်နိုင်ငံ၏ မူဝါဒ၊ အာာဏာသိမ်းစစ်တပ်၏ အခြေအနေ၊ နိုင်ငံတကာနှင့် မြန်မာ့အရေးဆက်စပ်မှု စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် အဆိုတော်ရန်ရန်ချမ်း၊ Cobra ၊ လင်းနစ် ၊ ကျော်သီဟ ၊ လင်းထက် […]

တရုတ်ဖိအားနဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်လိုရှေ့ဆက်မလဲ (ဆောင်းပါး) – BUR.MIZZIMA.COM

နွေဦးတော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တာ တနှစ်ပြည့်သွားခဲ့ပြီဖြစ်ပါ တယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တနှစ်အတွင်း မြို့ပေါင်း ၈၀ ကျော် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်တခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တခု၊ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်(စကခ) လေးခုအပါအဝင် တပ်ရင်းတပ်ဖွဲ့ဌာနချုပ်(၁၃၀)ကျော်ကို စစ်တပ်အင်္ဂါစဉ်ထဲကနေ လုံးဝပျောက်သွားအောင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးတွေအဖြစ် ရခိုင်ပြည်နယ်အပါအဝင် တော်လှန်ရေးဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ စစ်ဆင်ရေးတွေပေါ်ပေါက်လာခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ The post တရုတ်ဖိအားနဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်လိုရှေ့ဆက်မလဲ (ဆောင်းပါး) appeared first on BUR.MIZZIMA.COM. Source link