ylliX - Online Advertising Network

ထိုင်းငါးဖမ်းသမား ၄ ယောက် နှစ်ကူး ပြန်လွတ်မြောက်ဖို့ ထိုင်းဝန်ကြီးချုပ်မျှော်လင့်

မြန်မာစစ်တပ်က ဖမ်းထားတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ရေးကို လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မြို့မှာ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖို့ရှိပြီး နှစ်သစ်ကူး အစောပိုင်းမှာ လွတ်လာနိုင်တဲ့အကြောင်း ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra အရိပ်အမြွက် ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ရော၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးထားပြီး မြန်မာနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေတဲ့အတွက် ကြံ့ကြာနေတဲ့အကြောင်းနဲ့၊ ငါးဖမ်းသမား ၄ ယောက်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။ ထိုင်းငါးဖမ်းသမားတွေနဲ့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က […]

ကိုနီတွတ် – စိတ်က ဘုန်းကြီး၊ (—ယီး)က ဓားပြ

(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၂၄ ( ၁ )  ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် အသံရော ရုပ်လက္ခဏာပါ ထူးခြားကောင်းမွန်သော ပုဂ္ဂိုလ်နှစ်ဦးပေါ်ထွက်ထွက်ခဲ့သည်ဟု ဆို၏။ သူတို့ကား မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့တည်း။ ဗန်းမော်ဆရာတော်သည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကွမ်းညှပ်စင်ရွာသား၊ ငယ်အမည် မောင်ဖြူဝင်း၊ ကြာသပတေးသား။ မောင်ဖြူဝင်း အမည်ပေးထားသော်လည်း အသားလည်း မဖြူ၊ ဝင်းလည်း မဝင်း၊ အသားမည်းမည်း၊ ဗိုက်ခေါက်ရွှဲရွှဲ၊ ဦးပြည်းပြောင်ပြောင်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ အသံအောကြီးနှင့် ဖြစ်သည်။ အမရပူရမြို့တည် ဘိုးတော်ဘုရားမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ဗန်းမော်မြို့ကို အပိုင်စားရသည့် ဝေသာလီမင်းသမီး ဥပေါတရာက ဗန်းမော်ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းပြီး ထိုကျောင်းထိုင် ဖြစ်သောကြောင့် ဗန်းမော်ဆရာတော် အမည်တွင်လာခြင်းဟု ဆိုကြသည်။ ဗန်းမော်ဆရာတော်သည် ဥပဓိရုပ်အလွန်ထူးခြားပြီး လွန်စွာကြံ့ခိုင်ခံ့ညားသူ၊ အသံတော်မှာလည်းနက်ကျယ်ပြတ်သားသည်။ ရူပလက္ခဏာနှင့် […]

ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူ ၄၅ ယောက် ထောင်ဒဏ်ချမှတ်ခံရ

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ၄၅ ယောက်ကို နိုင်ငံတော်ကိုနှောင့်ယှက်ဖျက်ဆီးမှုနဲ့ ဟောင်ကောင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ တရုတ်အစိုးရ ပြဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရအကြီးဆုံးအမှုဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့အမှုကို အဆုံးသတ် စီရင်လိုက်တာ ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေဟာ ဟောင်ကောင်အစိုးရ လုပ်ငန်းတွေလည်ပတ်လို့မရအောင် စီစဉ်လုပ်ဆောင်ခဲ့သလို အုပ်ချုပ်ရေးမှူးနုတ်ထွက်အောင် ဖိအားပေးခဲ့တဲ့အပြင် အစိုးရအသုံးစရိတ်ကို ပိတ်ပင်ဖို့ လွှတ်တော်အမတ်နေရာ အများစုရဖို့ ကြိုးစားခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲပါတယ်။ ၂၀၂၀ ပြည့်နှစ် တရုတ်အစိုးရ ပြဌာန်းတဲ့ အမျိုးသားလုံခြုံရေး ဥပဒေအောက်မှာ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက နှိမ်နှင်းခဲ့ပြီး နိုင်ငံတော် အာဏာကို နှောင့်ယှက်ဖျက်ဆီးဖို့ ပူးပေါင်းကြံစည်တဲ့ စွဲချက်တွေနဲ့ ဒါဇင်နဲ့ချီတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒီအတောအတွင်း အကျဉ်းချခံထားရတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူလည်းဖြစ်၊ […]

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ရာ လေးယောက်သေပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်များရဲ့ မိုင်းကွင်းအနီးကို ရန်သူတွေဝင်လာချိန်မှာ မိုင်းဆွဲပြီး ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ စနိုက်ပါနဲ့ ပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးနှင့်အတူ စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးဟာ လက်နက်နဲ့တကွ တော်လှန်ရေးဘက်ကို ဝင်ရောက်လာခဲ့ကြပါတယ်။ အဆိုပါတပ်သားသစ်များမှာ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်ကြ သည့် တပ်သား သန်းတိုးအောင် ၊ တပ်သား ဖြူးဖွေးတို့ဖြစ်ကြပြီး စစ်ကောင်စီ၏ရေတပ်မှတဦးကတော့ တပ်သားဝေဖြိုးဆိုသူ ဖြစ်ပါတယ်။ MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် […]

ယောကျာ်း လိင်စိတ် တရားခံ

Libido လို့ခေါ်တဲ့ လိင်စိတ် တပ်မက်မှုဟာ စာရေးသူတို့ အမျိုးသားတွေအတွက် အရေးကြီးပါတယ်။ Libido ကျတယ်ဆိုတာဟာ လိင်မှုကိစ္စအပေါ် စိတ်အားတက်ကြွမှု ကျဆင်းတာ တနည်းအားဖြင့် လိင်စိတ်ဆန္ဒ လျှော့ကျတဲ့ ပြဿနာကို ခေါ်ပါတယ်။ ဒီလို အမျိုးသားတွေရဲ့ Libido ကို ကျစေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဘယ်အရာတွေ ဖြစ်မလဲ ကွီးတို့ လေ့လာကြည့်လိုက်ပါဦး။ (၁) စိတ်ဖိစီးမှုတွေ အလွန်များနေလို့ Photo : ORSYS Le mag ဒီဘက်ခေတ် လူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေဟာ နည်းလမ်းမျိုးစုံ ၊ ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတာနဲ့အမျှ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင် ကဲ့သို့ လိင်မှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှုကို တားဆီးဟန့်တားနေတဲ့ ကော်တီဆောဟော်မုန်းတွေ ပိုမိုထွက်လာစေပါတယ်။ ဒါကြောင့်ပဲ စိတ်ဖိစီးမှုများနေတဲ့အခါမှာ […]