(၁၂-၁၂-၂၀၂၄ ရက်၊ ကူမင်း) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်လျက် ဝန်ကြီးဌာန (၁၂)ခုမှ အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များလိုက်ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၀-၁၂-၂၀၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Wyndham Grand Plaza Hotel ၌ ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည်။ ကူမင်းမြို့တွင်ရောက်ရှိနေစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ယူနန် ပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ မစ္စတာဟူတဖန်နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့သည့် အပြင် အဆိုပါဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းပြောကြားရာတွင် အဓိကအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ အကြားတည်ရှိပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန်နှင့် ယူနန်ဖိုရမ်ယန္တရား အောက်တွင် မြန်မာနှင့် […]
(၉-၁၂-၂၀၂၄ ရက်၊ ရန်ကုန်) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်လျက် ဝန်ကြီးဌာန (၁၂) ခုမှ ကိုယ်စားလှယ် (၁၅) ဦးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်မည့် သတ္တမ အကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန်အတွက် ၉-၁၂-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ထွက်ခွာသွားသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြားနှင့် မြန်မာ-ယူနန် နှစ်ဖက်အကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုမြှင့်တင်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်ကို ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာဘက်နှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့အကြား […]